အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု
Date : 30 July 2012
ဇွန်လအတွင်း အီးယူဒေသ၏ အလုပ်လက်မဲ့နှုန်းသည် ၁၁.၂% အထိ စံချိန်တင် မြင့်မားခဲ့သည်ဟု ဖော်ပြထားသော အစီရင်ခံစာကို ဇူလိုင်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်သည်။ အဆိုပါသတင်းသည် အီးယူဒေသကြွေးမြီ အကြပ်အတည်းကြောင့် စားသုံးသူခံယူချက် သဘောထားများအပေါ် ဖိအားဖြစ်စေသည် ဆိုသော အချက်ကို ပိုမိုခိုင်မာစေသဖြင့် သီတင်းပတ်နှစ်ပတ်နီးပါး တန်ဖိုးမြင့်နေသော ယူရိုငွေတန်ဖိုး ပြန်လည် ကျဆင်းလာသည်။
ဥရောပဗဟိုဘဏ်တစ်ခုတည်းအနေဖြင့် ဒေသတွင်းကြွေးမြီအကြပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဟု Moody’s Investors Service က ပြောကြားထားသည်။ ဗဟိုဘဏ်အနေဖြင့် ငွေကြေးမူဝါဒဆိုင်ရာ စီမံချက်များ ချမှတ်ဆောင်ရွက်သော်လည်း အချိန်ကာလတစ်ခုသာ အကျိုးသက်ရောက်မှုရှိနေသည်။ တစ်ချိန် တည်းမှာပင် ဒေသတွင်း စီးပွားရေးအချက်အလက်များမှာလည်း ဆက်တိုက်အားနည်းနေသဖြင့် စီးပွားရေး ဆိုင်ရာ စာရင်းအင်းထုတ်ပြန်သည့် အချိန်တိုင်း ယူရိုငွေရောင်းချမှုများရှိနေကာ ယူရိုငွေတန်ဖိုးကျဆင်းမြဲဖြစ် သည်။
ယခုလည်း အလုပ်လက်မဲ့နှုန်း စာရင်းများကြောင့် ဇူလိုင်လ (၃၀) ရက်နေ့တွင် ယူရိုငွေတန်ဖိုးကျဆင်း သွားသည်။ ဇူလိုင်လ (၃၀) ရက်နေ့ တိုကျိုစံတော်ချိန် နေ့ခင်း ၁:၂၉ နာရီ နိုင်ငံတကာငွေလဲနှုန်းများအရ ယူရို ငွေသည် ဂျပန်ယန်းနှင့် လဲလှယ်ရာတွင် ဝ.၃% ကျဆင်းသွားပြီး တစ်ယူရိုလျှင် ၉၆.၃၄ ယန်း အထိ ရောက်ရှိ သွားသည်။ ယူရိုငွေတန်ဖိုးသည် ဇူလိုင်လ (၂၇) ရက်နေ့က တစ်ယူရိုလျှင် ၉၇.၃၄ ယန်းအထိ ရောက်ရှိ မြင့်မားခဲ့သည်။
ဥရောပဒေသကြွေးမြီ အကြပ်အတည်းကို ဖြေရှင်းရန် ငွေကြေးမူဝါဒအနေဖြင့် များလှစွာသော ဝန်ထုတ် ဝန်ပိုးနှင့် ဖိစီးမှုများကို သည်းခံရလိမ့်ဦးမည်ဖြစ်ပြီး ယူရိုငွေတန်ဖိုး ပြန်လည်မြင့်မားလာရေး ဆက်လက်ရုန်းကန် ရလိမ့်ဦးမည်ဟု တိုကျိုအခြေစိုက် မစ်ဆူဘီရှီ UFJ Morgan Stanley Securities Co., မှ ငွေကြေးနှင့် ကြွေးမြီ ဆိုင်ရာ အဆင့်မြင့်သုတေသီတစ်ဦးဖြစ်သည့် Daisaku Ueno က ပြောကြားသည်။
Source : Bloomberg.com
pa pa
Date : 30 July 2012
ဇူလိုင်လ (၂၆) ရက်နေ့မှစ၍ တစ်အောင်စလျှင် ၁၆၀၀ ဒေါ်လာအထက်သို့ ပြန်လည်ရောက်ရှိလာ သော ကမ္ဘာ့ရွှေဈေးနှုန်းများ ဇူလိုင်လ (၃၀) ရက်နေ့တွင်လည်း တစ်အောင်စလျှင် ၁၆၂၀ ဒေါ်လာအထက် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
၂၀၁၂ ခုနှစ် ၊ ဒုတိယသုံးလပတ်အတွင်း အမေရိကန်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသွား ကြောင်း ဇူလိုင်လ (၂၇) ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြလာသဖြင့် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ကျင်းပမည့် အမေရိကန်ဗဟိုဘဏ်၏ မူဝါဒရေးရာ အစည်းအဝေးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် လှုံ့ဆော် မည့် စီမံကိန်းများ ဆောင်ရွက်သွားရေး ဆွေးနွေးဆုံးဖြတ်လိမ့်မည်ဟု ပိုမိုယုံကြည်လာကြပြီး ရွှေကို ဝယ်လိုအား မြင့်မားလာကြသည်။
အီးယူဒေသ မူဝါဒချမှတ်သူများသည်လည်း ယခုသီတင်းပတ်တွင် တွေ့ဆုံစည်းဝေးကာ စီးပွားရေး တိုးတက်စေရေး မူဝါဒများချမှတ်သွားဖွယ်ရှိကြောင်း ၊ ဥရောပဗဟိုဘဏ်မှ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ သည် သြဂုတ်လ (၂၇) ရက် နေ့တွင် ဂျာမဏီနိုင်ငံ ဖရန့်ဖာ့တ်တွင် တွေ့ဆုံကာ ဘဏ်အတိုးနှုန်းကို ဝ.၇၅% အထိ စံချိန်တင် လျော့ချသွား ရေး ဆွေးနွေးညှိနှိုင်းရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းသို့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ၏ ဗဟိုဘဏ်များက အတိုးနှုန်းများ လျော့ချသွားမည် ဆိုပါက ငွေကြေးတန်ဖိုးကျဆင်းလာမည်ဖြစ်၍ ရွှေကို ပြောင်းလဲရင်းနှီးမြှုပ်နှံရန် ဝယ်ယူမှုများလာသဖြင့် ကမ္ဘာ့ ရွှေဈေး ပြန်လည်ဦးမော့လာခြင်းဖြစ်သည်။ ဇူလိုင်လ (၃၀) ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၀၂၄၈ နာရီတွင် လက်ငင်းအရောင်းရွှေဈေးနှုန်းသည် တစ်အောင်စလျှင် ၁၆၂၀.၉၁ ဒေါ်လာဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇွန်လ (၂၀) ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်လာသည်ဟု သိရသည်။ ရွှေဈေးပြန်လည်ဦးမော့လာသဖြင့် အာရှ ဈေးကွက်တွင် ရွေကိုပြန်လည်ရောင်းချမှု မြင့်မားလာကြောင်း ၊ အထူးသဖြင့် အင်ဒိုနီးရှားနှင့် ထိုင်းတွင် ရွှေ အထည်ပျက်များ ၊ အပိုင်းအစများကို ရောင်းချမှုမြင့်မားလာကြောင်း သိရသည်။
Source : mineweb.com, Bloomberg.com
pa pa
Date : 30 July 2012
အမေရိကန်နှင့် အီးယူဒေသမှ မူဝါဒချမှတ်သူများအနေဖြင့် ၎င်းတို့နိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသည့်အတွက် စီးပွားရေးလှုံ့ဆော်မှု စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားဖွယ်ရှိသည်ဟု ယူဆလာ ကြခြင်း ၊ အရှေ့အလယ်ပိုင်းဒေသ ဆီးရီးယားနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားနေခြင်း ပြဿနာသည် အခြားနိုင်ငံ များသို့ ကူးစက်သွားဖွယ်ရှိပြီး ရေနံစိမ်းရောင်းလိုအားကို ထိခိုက်လာနိုင်သည် စိုးရိမ်လာကြခြင်းတို့ကြောင့် ရေနံစိမ်းဈေးနှုန်းများ မြင့်မားလာသည်။
ဇူလိုင်လ (၃၀) ရက်နေ့ စင်္ကာပူစံတော်ချိန် နေ့ခင်း ၃:၀၄ နာရီ၌ စက်တင်ဘာလအရောက်ပို့ရမည့် ရေနံစိမ်း (WTI Oil) ကို တစ်စည်လျှင် ၉၀.၂၅ ဒေါ်လာဖြင့် နယူးယောက်ကုန်စည်ရောင်းဝယ်ရေးမှ အီလက် ထရောနစ် ကုန်သွယ်မှုစနစ်ဖြင့် ရောင်းချခဲ့ရသည်ဟု သိရသည်။ ယင်းနေ့ အစောပိုင်းက တစ်စည်လျှင် ၉၀.၉၅ ဒေါ်လာအထိ ဈေးမြင့်ခဲ့သည်ဟု သိရသည်။ ယခုလအတွင်း နယူးယောက် ရေနံစိမ်းဈေးနှုန်းများ ၆.၂% မြင့်မား ခဲ့ပြီးဖြစ်သည်။ လန်ဒန်အခြေစိုက် ICE Futures Europe Exchange တွင်လည်း စက်တင်ဘာလ ငွေချေရမည့် ဘရန့်အမျိုးအစား ရေနံစိမ်းသည် တစ်စည်လျှင် ၁၀၆.၂၀ ဒေါ်လာဖြင့် ရောင်းချခဲ့ရသည်ဟု သိရသည်။ အရှေ့ အလယ်ပိုင်းဒေသ ရေနံထုတ်လုပ်မှုသည် ကမ္ဘာ့ရေနံထုတ်လုပ်မှု စုစုပေါင်း၏ သုံးပုံတစ်ပုံရှိသဖြင့် ယင်းဒေသ တွင်း နိုင်ငံရေးမငြိမ်သက်မှု အခြေအနေများသည် ကမ္ဘာ့ရေနံစိမ်း ဈေးကွက်ကို လွှမ်းမိုးလျက်ရှိသည်။
Source : Bloomberg.com
pa pa
Date : 26 July 2012
အီရတ်နိုင်ငံသည် ထိုင်းနှင့် ဥရုဂွေးနိုင်ငံများမှ ဆန်တန်ချိန် စုစုပေါင်း ၁၁၀၀၀၀ ကို တင်သွင်းရန် ဝယ်ယူခဲ့သည်ဟု အီရတ်နိုင်ငံ ကောက်ပဲသီးနှံအသင်းက ပြောကြားသည်။ ယင်းသို့ ဝယ်ယူရာတွင် CIF စနစ်ဖြင့် ဝယ်ယူမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၈၀၀၀၀ နှင့် ဥရုဂွေးမှ ဆန်တန်ချိန် ၃၀၀၀၀ ဝယ်ယူ မည်ဖြစ်သည်။ ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၈၀၀၀၀ ဝယ်ယူရာတွင် သင်္ဘောတခါတင်လျှင် တန်ချိန် ၄ သောင်း စီဖြင့် နှစ်သုတ်ခွဲဝယ်ယူတင်သွင်းသွား မည်ဖြစ်ကြောင်း ၊ ဈေးနှုန်းမှာ တစ်တန်လျှင် ၆၂၃.၈၉ ဒေါ်လာနှင့် ၆၂၉ ဒေါ်လာစီ အသီးသီးဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ အစောပိုင်းကလည်း အီရတ်သည် ထိုင်းဆန်တန်ချိန် ၈၂၀၀၀ ကို ဝယ်ယူတင်သွင်းခဲ့သေး သည်ဟု သိရသည်။ ဥရုဂွေးမှ ဆန်ကိုမူ တစ်တန်လျှင် ၆၇၁ ဒေါ်လာပေး၍ ဝယ်ယူထားကြောင်း သိရသည်။
Source : oryza.com
pa pa
တောင်ကိုရီးယားမှ နှမ်းတန်ချိန် ၁၂၀၀၀ ဝယ်ယူဖို့ တင်ဒါခေါ်လိုက် ရာ ကမ္ဘာ့နှမ်းဈေးနှုန်းတွေနဲ့ အပြိုင် အိန္ဒိယနှမ်းဈေးနှုန်းတွေက လွန်ခဲ့တဲ့ ၄ ရက်အတွင်း ၁၈ ရာခိုင်နှုန်းမြင့်မား လာတယ်။ ဇူလိုင် ၄ ရက်က ကီလို ၂၀ ကို ၁၃၇၅-၁၄၀၀ ရူပီး (တစ်တန် ကို ကန်ဒေါ်လာ ၁၂၅၀-၁၂၇၃ ဝန်း ကျင်) သာရှိတဲ့
ယခုနှစ်အတွင်း နီပေါနိုင်ငံမှာ ဆန်အထွက်တိုးတဲ့အတွက် လေးနှစ်ကြာပိတ်ပင်ထားခဲ့တဲ့ ဆန်တင်ပို့မှုကို ပြန်လည်ခွင့်ပြုလိုက် တယ်။ ပိတ်ပင်ထားတဲ့ကာလအတွင်း တရုတ်နိုင်ငံကို နယ်စပ်မှ တစ်ဆင့် တရားမဝင်ဆန် တင်ပို့မှုတွေရှိခဲ့ရာ ဆန်တင်ပို့မှုပြန်လည်ခွင့်ပြုခြင်းက
ဗီယက်နမ်မှာ လက်ရှိရိတ်သိမ်းနေတဲ့ နွေ-ဆောင်းဦး စပါးအထွက်တိုးသော်လည်း စပါးဈေးတွေ ကျဆင်းနေရာ လယ်သမားတွေပျော်ရွှင်နိုင်ခြင်းမရှိလို့ သိရတယ်။ ဆန်တစ်ကီလိုကို ထုတ်လုပ်မှုစရိတ်မှာ ပျမ်းမျှ အနေနဲ့ ဗီယက်နမ်ဒေါင် ၃၉၉၃ (ကန်ဒေါ်လာ သုည ဒသမ ၁၉) ကျသင့်သော်လည်း
နိုင်ငံတကာမှာ ကော်ဖီယဉ်ကျေးမှုထွန်းကားလာတာနဲ့ အမျှ တောင်ကိုရီးယားနိုင်ငံမှာလည်း ကော်ဖီ သောက်သုံးမှုနှုန်း မြင့်မား လာရာ ကော်ဖီတင်သွင်းမှုပမာဏ စံချိန်တင်မြင့်မားလာတယ်လို့ သိရတယ်။ ၂၀၁၁ ခုနှစ်အတွင်းက ကော်ဖီတန်ချိန် စုစုပေါင်း ၁၃၀၀၀၀ တင်သွင်းနိုင်ခဲ့ရာ
ယခုလက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာ့စီးပွားရေးအကြပ်အတည်းများ ပြေလည်သွားပြီးနောက်ပိုင်း ယခုနှစ်မှာ ရော်ဘာပို့ကုန် ပစ္စည်းတင်ပို့မှု ၁၀ ရာခိုင်နှုန်း တိုးတက်ဖွယ်ရှိကြောင်း မလေးရှားရော်ဘာပို့ကုန်မြှင့်တင်ရေးကောင်စီ (MREPC) ရဲ့ ထိပ်တန်းအရာရှိက