နယ်စပ်ကုန်သွယ်မှု
မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၆၀၉ သန်းတန်ဖိုးရှိ ဆန် ၁၀၅၄၁ ဒသမ ၀၄၇ တန်ကို မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှမေလ ၂ မှ ၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၃၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၇၇၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကမူဆယ်မှ ၆၇၆ တန်ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောနယ်စပ်များမှ ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက် ထိကာအတွင်းမှာ တင်ပို့မှုအရှိန်ပြန်ယူလာတာ တွေ့ရပါတယ်။ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၆၈ သန်းတန်ဖိုးရှိ ရေချိုငါး တန် ၇၀နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၉၉ သန်းတန်ဖိုးရှိ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၆၄၁ သန်း တန်ဖိုးရှိ နနွင်းတက် ရှမ်းစ ၃၉၈ ဒသမ ၄၉၆ တန်ကို ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်အတွင်း အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၄၇ တန်ခန့် အပို့ပိုခဲ့ပါတယ်။
ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၃၉ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၁၄ တန်၊ ပုစွန် ၇ တန်ကျော်နဲ့ ကဏန်း ၁၆ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၈၆၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၂၁၁ ဒသမ ၉၂၃ သန်းတန်ဖိုးရှိ
ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုည ဒသမ ၇၅၈ သန်း တန်ဖိုးရှိ စိန်တလုံး၊ ရွှေဟင်္သာနဲ့ အောင်ဒင်သရက် ၁၃၇၈ တန်ခန့် အပို့ရှိတယ်လို့ သိရပါတယ်။ ၁ ရက်ကို သရက်သီး ဂျပ်ဖာ ၁၀၀၀၀ ဝန်း ကျင် အဝင်ရှိနေတယ်လို့ သိရပါတယ်။ ဧပြီလတစ်လလုံး နယ်စပ်မှ သရက်သီး ၂၂၈၆၃ တန် တင်ပို့ထားပြီး ဖြစ်ပါတယ်။
ဧပြီလ ၂၅ ရက်မှ မေ ၁ ရက်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၇၅၄ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၄၃၃ တန်ခန့်၊ သားရေ ၅၅ တန်ကျော်၊ ဘေးထွက်ပစ္စည်း ၁၉ တန်ခန့်၊ ကလီစာ ၃၆ တန်ကျော်နဲ့ အမဲပြုတ်သား ၈ တန်ခွဲ အပို့ရှိခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ် စခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၉၅၉ သန်းတန်ဖိုးရှိ ဆန် ၄၄၂၈ တန်ကို ဧပြီလ ၂၅ ရက်မှ မေလ ၁ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၃၆၄၃ တန်၊ လွယ်ဂျယ်မှ တန် ၄၇၀ နဲ့ ချင်းရွှေဟော်မှ ၃၁၅ တန် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ဆန်တန် ၆၀၀၀ ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ယခုအပတ်မှာ ၁၅၈၅ တန် ယခင်အပတ်က ထက် အပို့လျော့ခဲ့ပါတယ်။ ဧပြီလမှာနယ်စပ်မှ ဆန် ၁၅၇၉၈ တန် တင်ပို့ထားပြီး ဖြစ်ပါတယ်။
MIRT(DOBT)
၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစပြီး စားသောက်ကုန်ပစ္စည်းများဖြစ်တဲ့ အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်မျိုးစုံ၊ စည်သွပ်ဘူးများ (အသားနှင့်သီးစုံ) နဲ့ ခေါက်ဆွဲခြောက်အမျိုးမျိုးကို ပထမအဆင့်အနေနဲ့ ကျန်းမာရေး ဝန်ကြီး ဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရဲ့ ထောက်ခံချက်ပါရှိပါက နယ်စပ်ကုန်သွယ်ရေး စခန်းများမှ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာသုည ဒသမ ၄၆၁ သန်းတန်ဖိုးရှိ စိန်တစ်လုံး သရက် ၈၃၆ တန်ကျော် ကို ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ ဧပြီလဆန်းပိုင်း စတင်ပို့စဉ်က တစ်တန်ခွဲ၊ နောက် တန် ၇၀ ဝန်းကျင် အပို့ရှိခဲ့ရာမှ