နောက်ဆုံးရ သတင်း
မည်သူမဆို လွတ်လပ်စွာ ဝယ်ယူ နိုင်သည့် ကားအရောင်းစင်တာတစ်ခု ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၄၇) ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ စက်မှုဝန်ကြီးဌာနတွင် ဒီ ဇင်ဘာလ ၈ ရက်မှ စတင်ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်းသိရသည်။ အဆိုပါကားများမှာ စက်မှုဝန်ကြီးဌာနမှ တင်သွင်းလာသည့်ကားများဖြစ်ပြီး တရုတ်နိုင်ငံ၊ Chery Automobile Co., Ltd. မှ ထုတ်လုပ်သည့် မီနီဆလွန်းကားများဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာနသည် ချယ်ရီမီနီ ဆလွန်းကားများကိုပထမဦးဆုံးအသုတ် အဖြစ် ကားအစီးပေါင်း ၁၀၀၀ ကို တင် သွင်းလာခဲ့ခြင်းဖြစ်ပြီး ယာဉ်အို ယာဉ်ဟောင်းများ၊ သက်တမ်းလွန်ယာဉ်များ အပ်နှံသူများကိုသာ ဦးစားပေးရောင်းချ မည်ဟုဆိုသော်လည်း ကားအရောင်း စင်တာဖွင့်လှစ်ပြီးချိန်တွင် မည်သူ့ကို မဆို လွတ်လပ်စွာ ရောင်းချမည်ဖြစ် ကြောင်း စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးသန်းက ပြောကြားခဲ့သည်။
အဆိုပါ ကားအရောင်းစင်တာတွင် ကားစီးရေ ၅၀ကို ပြသရောင်းချမည်ဖြစ် ပြီး လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချ မည်ဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာနမှ တင်သွင်းလာ သည့် ချယ်ရီျှျှ၃ မီနီဆလွန်းကားများ ကို ကားတန်ဖိုးငွေ အမေရိကန်ဒေါ် လာ ၅၈၀၀၊ Custom Duty နှင့် Commerical Tax နှစ်ရပ်ပေါင်း ၂၈၄၀၀၀၀ ကို တစ်ပါတည်း ပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တန်ဖိုးတွင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန သို့ ပေးသွင်းရမည့် ကညနအခွန်မှာ မပါဝင်သေးကြောင်း သိရသည်။
အဆိုပါကညနခွန်မှာ ချယ်ရီ QQ3 ယာဉ်၏ မူလ FOBဈေးနှုန်း တစ်ဝက် ၏ ၁၅ ရာခိုင်နှုန်းကို ကညနမှ တွက် ချက်၍ ဒေါ်လာဖြင့် ပေးဆောင်ရ မည် ဖြစ်ကြောင်း အဆိုပါကားအရောင်းစင် တာမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြ ချက်အရ သိရသည်။
အဆိုပါ ချယ်ရီ QQ3 ယာဉ်မှာ အောက်တိန်းဓာတ်ဆီထည့်သွင်းမောင်း နှင်ရသည့်ကားအမျိုးအစားဖြစ်ကြောင်း သိရသည်။ အဆိုပါကားများကို ရန်ကုန် မြို့သို့ ဒီဇင်ဘာ ၆ ရက်က တရုတ်နိုင်ငံ သင်္ဘော MV. Chang Yu သင်္ဘော ဖြင့် သယ်ဆောင်လာခြင်းဖြစ်သည်။
ဝယ်လိုအားပေါ်မူတည်ပြီး ကား တွေကို ထပ်ပြီးသွင်းသွားမှာပါ။ အခု လည်း ကားတွေကို မည်သူမဆိုဝယ်ယူ ခွင့်ရရှိအောင် ဆောင်ရွက်ပေးနေပါ တယ်။ ယာဉ်တန်ဖိုး ဒေါ်လာ ၅၈၀၀ အပေါင်း အခွန် ၂၈ သိန်းလေးသောင်း ကို ဒီမှာပဲ တစ်ခါတည်းသွင်းရမှာပါ။ ငွေသွင်းပြီးတာနဲ့ကားကို ယူသွားလို့ရ အောင် စီစဉ်ပေးထားပါတယ် ဟု အဆိုပါပြခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင်အဆိုပါ အရောင်းပြခန်းတွင် SUV နှင့် Myanmar Double Cab ယာဉ်များကိုလည်း သတ်မှတ်ဈေးနှုန်း ထက်လျှော့၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ အဆိုပါ SUV နှင့် Myanmar Double Cab ယာဉ်များ ကိုလည်း မည်သူမဆို လွတ်လပ်စွာဝယ် ယူခွင့်ရှိကြောင်း သိရသည်။ SUV ကို ယခင်က ကျပ် ၃၇၅ သိန်းဖြင့် ရောင်း ချခဲ့သော်လည်း ယခုအခါတွင် ကျပ် သိန်း ၂၁၀ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။ Myanmar Double Cab များကိုလည်း ယခင်က ကျပ်သိန်း ၃၅၀ ဖြင့် ရောင်းချခဲ့ရာမှ ယခုအခါတွင် ကျပ် သိန်း ၂၉၀သို့လျှော့ချ၍ ရောင်းချလျက် ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကားများကို ကားရောင်းစင်တာဖွင့်လှစ် ပြီးရောင်းချလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်လျက်ရှိသည့် မြန်မာမီနီဆလွန်းကားများကို လည်း ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မယ်သီတာ
နေပြည်တော် ၊ နိုဝင်ဘာလ ၂၉
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ လိုအပ်သည့်အချက်အလက် များ ၊ လုပ်ထုံးလုပ်နည်းများနှင့် ပြည့်စုံသည့် ကားအရောင်းပြခန်း (၃) ခုအား ဖွင့်လှစ်ခွင့်ပြုလိုက်ပြီ ဖြစ်ပြီး ထပ်မံခွင့်ပြုနိုင်ရန်အတွက် လျှောက်ထားလာသည့် ကုမ္ပဏီများအား စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။ ကားအရောင်းပြခန်း ဖွင့်လှစ်ခွင့်ရရှိသည့် ကုမ္ပဏီ (၃) ခုမှာ Sakura Technical Services Co.,Ltd ၊ Diamond Auto Services Co.,Ltd နှင့် Sandrar Services Co.,Ltd တို့ ဖြစ်ကြသည်။ Export Earning (၁) သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ (၈၀၀) ကျော်ရှိရာ ကားတင်သွင်းရန် စတင်လျှောက်ထားလာကြပြီဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသော ကုမ္ပဏီများ အား မော်တော်ယာဉ်တင်သွင်းရန် ခွင့်ပြုလျက်ရှိကြောင်း သတင်းရရှိပါသည်။ ပို့ကုန်တန်ဖိုး (၁) သိန်း ပြည့်မီရန် နီးစပ်နေသည့် ကုမ္ပဏီများအနေဖြင့်လည်း ပို့ကုန်တင်ပို့မှု (၁) သိန်း ပြည့်မီအောင် ဆောင်ရွက်နိုင်ပါက တင်ပို့ခဲ့သော အထောက်အထားများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့တင်ပြ၍ ကားတင်သွင်းခွင့် လျှောက်ထားနိုင် ကြောင်း သတင်းရရှိပါသည်။
ထို့အပြင် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၅) သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ (၈၀၀) ခန့်ကိုလည်း မော်တော်ယာဉ်တင်သွင်းခွင့်ပြုသွားနိုင်ရေး ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကားဟောင်းအပ်နှံပြီး ကားတင်သွင်း ခွင့်ပါမစ် လျှောက်ထားမှုများကို ခွင့်ပြုပေးလျက်ရှိရာ စက်တင်ဘာလ (၁၉) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ ကာလအတွင်း ကားပါမစ် (၁၀၈၁၈) စောင်ကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။
နေပြည်တော် ၊ နိုဝင်ဘာလ ၁၇ ရက် ပို့ကုန်လုပ်ငန်းရှင်များအား ပို့ကုန်မက်လုံးများ (Export Incentives) ပေးကာ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး (Export Promotion) အတွက် သတင်းတစ်ခု ထုတ်ပြန် လိုက်ကြောင်း သိရှိရရှိပါသည်။ ထိုသတင်းမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်အတွင်း ပြည်ပသို့ အမှန်တကယ်တင်ပို့ခဲ့သည့် အမေရိကန်ဒေါ်လာ (၁၀၀၀၀၀) (ဒေါ်လာတစ်သိန်း) တင်ပို့နိုင်ခဲ့ပြီး မိမိတို့၏ဘဏ်စာရင်းတွင် Earning ငွေ အမေရိကန်ဒေါ်လာ (၁၀၀၀၀၀) (ဒေါ်လာတစ်သိန်း) စာရင်းရှိ သောကုမ္ပဏီများ အနေဖြင့် အောက်ပါအထောက်အထားများတင်ပြပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့လိပ်မူ၍ (၅) နှစ်အတွင်းထုတ်လုပ်ခဲ့သည့် မိမိတို့ကြိုက်နှစ်သက်သော တန်ဖိုးအမေရိကန်ဒေါ်လာ (၅၀၀၀၀) (ဒေါ်လာငါးသောင်း) ထိတန်ဖိုးရှိသော ကား (၁) စီးစီ တင်သွင်းခွင့် လျှောက်ထား နိုင်ပြီဖြစ်ကြောင်းသိရှိရပါသည်- (က) ကုမ္ပဏီအမည် Letter Head ပါသောလျှောက်လွှာ (ခ) ထုတ်ယူခဲ့သောလိုင်စင်တစ်စောင်ချင်းစီ နှင့် အမှန်တကယ်တင်ပို့ခဲ့သော အထောက် အထားများ (ED ၊ BL ၊ လိုင်စင်မိတ္တူများ) (ဂ) လိုင်စင်တစ်စောင်ချင်း တင်ပို့ပြီးစီးမှုအတွက် ဘဏ်ငွေဝင်ပြီးကြောင်း အထောက်အထား (ဃ) နောက်ဆုံးအခြေအနေထိ ရေးသွင်းထားသော Bank Passbook မိတ္တူ (အနည်းဆုံးအမေရိကန်ဒေါ်လာတစ်သိန်းလက်ကျန်ရှိရမည်) ထို့ပြင် စက်တင်ဘာလ (၃၀) ရက်နေ့နောက်ပိုင်း အမှန်တကယ်တင်ပို့မှု အမေရိကန်ဒေါ်လာ (၁၀၀၀၀၀) (ဒေါ်လာတစ်သိန်း) ပြည့်မီအောင် တင်ပို့ပြီးပါကလည်း တန်ဖိုးအမေရိကန်ဒေါ်လာ (၅၀၀၀၀) (ဒေါ်လာငါးသောင်း) တန်ဖိုးရှိသော ကား (၁) စီးကို ကုမ္ပဏီများအနေဖြင့် တင်သွင်းခွင့် ချက်ချင်းလာရောက်လျှောက် ထားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
နေပြည်တော် ၊ နိုဝင်ဘာလ ၁၆ရက်
နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ကားဟောင်းအပ်၍ ကားသစ် တင်သွင်းရန် သွင်းကုန်ပါမစ်ထုတ်ပေးခြင်းကို စက်တင်ဘာလ (၁၉) ရက်နေ့မှစ၍ ဆောင်ရွက်ပေးခဲ့ရာ နိုဝင်ဘာလ (၁၅) ရက်နေ့အထိကာလအတွင်း စုစုပေါင်းကားတင်သွင်းရန် ပါမစ် (၈၇၇၈) စောင် ထုတ်ပေးခဲ့ပြီးကြောင်း သတင်းရရှိသည်။
၎င်းအပြင်ကားတင်သွင်း သူများအနေဖြင့် စက်စွမ်းအား အင်ဂျင်ပါဝါ (၁၃၀၀) စီစီ အောက်ရှိ ကားများကို တင်သွင်းမည်ဆိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနမှ သတ်မှတ် ထားသော CIF တန်ဖိုးနဲ့ ကိုက်ညီမှု ရှိလျှင် မော်ဒယ်ကန့်သတ်ချက်မရှိဘဲ အောက်တိုဘာလ (၂၇) ရက်နေ့မှ စတင်ကာ တင်သွင်းခွင့်ပါမစ်များ လျှောက်ထားခွင့်ပြုခဲ့ပြီးနောက်ပိုင်း အောက်တိုဘာလ (၃၁) ရက်နေ့စတင်၍ အင်ဂျင်ပါဝါ (၁၃၀၀ စီစီ) အောက်ယာဉ်များ တင်သွင်းရန်ပါမစ်များလာရောက်လျှောက်ထားခဲ့ကြောင်း၊ နိုဝင်ဘာလ (၁၅ ) ရက်နေ့အထိ စီးရေ (၃၃) စီးကို ပါမစ်ထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ နောက်ပိုင်းတွင် အင်ဂျင်ပါဝါ (၁၃၅၀) စီစီ အောက်မော်တော်ယာဉ်များကိုပါ မော်ဒယ် ကန့်သတ်ချက်မရှိဘဲ တင်သွင်းခွင့်ပြုခဲ့ရာနိုဝင်ဘာလ (၁၄ ) ရက်နှင့် (၁၅) ရက်နေ့အတွင်းပါမစ် (၁၁) စောင်ထုတ်ပေးခဲ့ပြီးကြောင်း ၊လျှောက်ထားလာ သည့်ကား အမျိုးအစားများမှာ saloon ၊ wagon ၊hatchback ၊Van တို့ဖြစ်ကြပြီး Honda ၊Toyota ၊mazda၊ Suzuki Brand များကိုလျှောက်ထားမှုများကြောင်းသတင်းရရှိသည်။
နေပြည်တော် ၊ နိုဝင်ဘာလ ၂ ရက်
သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံပြီး အစားထိုးတင်သွင်းရန်အတွက် သွင်းကုန်ပါမစ်များ ထုတ်ပေးခြင်းကို စက်တင်ဘာလ (၁၉) ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့ရာ နိုဝင်ဘာလ (၁) ရက်နေ့အထိ ကာလအတွင်း စုစုပေါင်းကားတင်သွင်းရန် ပါမစ် (၆၉၄၂) စောင် ထုတ်ပေးခဲ့ပြီးကြောင်း သတင်းရရှိပါသည်။
ထုတ်ပေးခဲ့ပြီးသည့် သွင်းကုန်ပါမစ်များအနက် ဆလွန်းတင်သွင်းမှုသည် အများဆုံးဖြစ်နေဆဲဖြစ်ကြောင်းနှင့် Wagon အုပ်စုကို ဒုတိယအများဆုံး တင်သွင်းလျက်ရှိကြောင်း သိရှိရပါသည်။