နောက်ဆုံးရ သတင်း
၂၀၁၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့(၀၉း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ညောင်ပင်ရပ်ရှိ စက်မှုဇုန်ရုံး၊ကနောင်ခန်းမ၌ လှိုင်သာယာစက်မှုဇုန်မှ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား
၂၀၁၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့(၁၃း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်နယ်မြို့နယ်၊ ကန်သာယာလမ်းရှိ စက်မှုဇုန် စီမံခန့်ခွဲ ရေးကော်မတီရုံး ခန်းမ၌ ရွှေပြည်သာစက်မှုဇုန် (၁)၊ သာဓုကန် စက်မှုဇုန်နှင့် ဝါးတစ်ရာစက်မှုဇုန်များမှ ကုန်ထုတ်လုပ်သူ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြား
၂၀၁၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် TOYOTA TSUSHO CORPORATION မှ General Manager ဖြစ်သူ Mr. Takuya Ichihashi ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် အင်တာနက်ရရှိ သည့်နေရာတိုင်းမှ ပို့ကုန်သွင်းကုန်လိုင်စင်များ ကို လျှောက် ထားနိုင်သည့် Fully Online Licensing စနစ်ကို ၂၀၁၆ ဇွန်လ (၇) ရက်နေ့မှ စတင်ပြီး #အောက်ပါပို့ကုန်သွင်းကုန် ကုန်ပစ္စည်းအမယ်များနှင့် စတင်လျောက် ထား နိုင်ပြီဖြစ်ပါသည်။ #CMP (အထည်ချုပ်)လိုင်စင်များ အတွက် ၂၀၁၆ ခုှနှစ် ဇူလိုင်လဆန်းတွင် စတင်ထုတ်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျှက်ရှိပြီး ကျန် ကုန်ပစ္စည်းအမယ်များအား အဆင့်လိုက်တိုးမြှင့် ထုတ်ပေးသွားမည်ဖြစ် ပါ သည် ။
ပို့ကုန်သွင်းကုန် လိုင်စင်များအား ထုတ်ပေးရာမှာ ယခင်ကလုပ်ဆောင်ခဲ့တဲ့ Local Online စနစ်မှ Fully Online Licensing System သို့ ဇွန်လအတွင်းမှ စတင်၍ အဆင့်မြှင့်တင် လုပ်ဆောင်တော့မှာဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ Website ဖြစ်သော www.myanmartrade.com.mm မှတဆင့် member ဝင်ထားသူများသည် အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို လျှောက်ထားနိုင်တော့မည်ဖြစ် ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်သွင်း ကုန်လိုင်စင်ထုတ်ပေးမှုအား 2004ခုနှစ်မှစတင်၍ အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်ခဲ့ရာမှ ယခုအခါ လိုင်စင်လျှောက်ထားခြင်း၊ ငွေပေးသွင်းခြင်း၊ လိုင်စင် ထုတ်ယူခြင်း လုပ်ငန်းတို့အား အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို အွန်လိုင်းအပြည့်အ၀ အသုံးပြု၍ ဆောင်ရွက်နိုင်ဖို့ အတွက် စနစ်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေး ပွဲကို (၃၀-၅-၂၀၁၆) ရက်နေ့ တွင် UMFCCI မှာ နံနက် (၉:၀၀) နာရီမှ (၁၁:၃၀) ထိကျင်းပခဲ့ပါတယ်။ စနစ်အား 2016 ခုနှစ် ဇွန်လအတွင်း ပထမအဆင့်အနေဖြင့် ဌာနမှသတ်မှတ်ထားသည့် ကုန်ပစ္စည်းအမယ်များ၊ CMP အထည်ချုပ် ပစ္စည်းများဖြင့် စတင်စမ်းသပ်ဆောင်ရွက် သွား မှာဖြစ်ပါ တယ်။
အခမ်းအနားကို ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမင်းမင်း၊ UMFCCI ဒုတိယဥက္ကဌဒေါက်တာ
မျိုးသက်၊ စီးပွားကူးသန်းမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြား ဆက်စပ်ဌာနများမှ ဌာနကိုယ်စားလှယ်များ၊ ပို့ကုန်သွင်းကုန်ကုမ္ပဏီမှလုပ်ငန်းရှင်များ၊ ကိုယ်စား
လှယ်များ၊ Media များ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အင်အား (၇၀၀) ခန့် တက်ရောက်ခဲ့ကြပါတယ်။