နောက်ဆုံးရ သတင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် နှစ်ပတ်လျှင် တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ပြုလုပ်ရာ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းမှ Myantrade Project အကြောင်း သိကောင်း စရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးကောင်းထွဋ်အောင်က 2016 Seminar or ASEAN Convention Exhibition Industry သို့တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို လည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးပါသည်။ အဆိုပါဆွေးနွေးမှုများအပေါ် မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဦးဟန်မှ လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးပြီး အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်မှ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ဖြစ်သူ H. E. Mr. Tateshi Higuchi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး ဧည့်ခန်းမ- (၁) ၌ လက်ခံတွေ့ဆုံ
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးသိန်းဝင်းဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ မြေညီထပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သော အရာထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (ဒုတိယညွှန်ကြားရေးမှူး များ) ဆွေးနွေးပွဲနှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၁၆) သင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ Hilton Hotel ၌ ၂၀၁၆ ခုနှစ်၊ဇူလိုင်လ ၁၁ ရက်နေ့ (၀၉း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သော ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်နှင့် အဏုမြူဆိုင်ရာစီမံကိန်းတွင်ပါရှိသော စီမံကိန်း အမှတ်စဉ် (၄၇) နှင့် စပ်လျဉ်းသည့်အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် တက်ရောက်အဖွင့်အမှာစကားပြောကြား