နောက်ဆုံးရ သတင်း
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ (၁၆ း ၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် ကနေဒါနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ်ခန့်အပ်ပြီးဖြစ်သော ဦးကျော်မျိုးထွဋ်၊ အိန္ဒိယသမ္မတနိုင်ငံ ဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံအမတ်ကြီးအဖြစ်ခန့်အပ်ပြီးဖြစ်သော ဦးမောင်ဝေနှင့် တောင်အာဖရိကနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးမြင့်ဆွေတို့အား ဝန်ကြီးရုံး ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ (၁၁ း ၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် Department for International (formerly UK Trade and Investment) မှ Director ဖြစ်သူ Mr. Douglas Barnes ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ဝန်ကြီးရုံး ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လက်ရှိပြောင်းလဲတိုးတက်လာသော အခြေအနေ အရ နိုင်ငံခြားသား ဝင်ရောက်မှု များပြားလာခြင်း၊ ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိခြင်း တို့ကြောင့် နိုင်ငံခြား ဖြစ် ဝိုင်အမျိုးမျိုးကို တင်သွင်းခွင့်ပြုခဲ့ပါသည်။
အဆိုပါ ဝိုင်တင်သွင်းခွင့်လုပ်ထုံးလုပ်နည်းပါ စည်းကမ်းချက်များခေါင်းစဉ် အပိုဒ် ၈ (ဈ) တွင် ပါဝင်သည့် "တင်သွင်းဝိုင်၏ အယ်လ်ကိုဟော ပါဝင်မှု ရာခိုင်နှုန်း (Alcohol By Volume) မှ (၇%) မှ (၂၀%) အတွင်းရှိရမည်" အစား "တင်သွင်းဝိုင်၏ အယ်လ်ကိုဟော ပါဝင်မှု ရာခိုင်နှုန်း (Alcohol By Volume) မှာ ၂၀% အတွင်းသာ ရှိရမည်" ဟု ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြောင်းလဲ ပြင်ဆင်သတ်မှတ်လိုက်သည်။
ဝိုင်တင်သွင်းခွင့်လုပ်ထုံးလုပ်နည်းပါ စည်းကမ်းချက်များခေါင်းစဉ် အပိုဒ် ၈ (ဈ) အား ပူးတွဲပါအတိုင်း ပြင်ဆင်သတ်မှတ်ပါသည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ (၁၄ းဝဝ) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် သည် Japan Bank for International Cooperation (JBIC) ၏ Director General ဖြစ်သူ Mr. Kazunori Ogawa ဦးဆောင်သည့့်် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ