နောက်ဆုံးရ သတင်း
၂၀၁၇ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင် တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် ဦးတေဇာကျော်၊ လက်ထောက်ညွှန်ကြားေ ရးမှူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တူရကီနိုင်ငံ၊ အန်တာလျာမြို့တွင် ကျင်းပပြုလုပ်ခဲ့သော “သစ်သီးဝလံ၊ ပန်းမန်ပြပွဲ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး၊ ဒေါ်နော်မူတာကပေါ ဒုတိယညွှန်ကြားရေးမှူးချုပ် မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့မှ ဖြည့်စွက်ပြောကြားြ ပီး ဦးတိုးအောင်မြင့် အမြဲတမ်းအတွင်းဝန်မှနိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
၂၀၁၇ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် Park Royal Hotel ၊ နေပြည်တော်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီး၍ကျင်းပပြုလုပ်သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်
၂၀၁၇ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ ၁၃:၀၀ နာရီအချိန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃) နေပြည်တော်တွင် ကုန်သွယ်မှု ဆိုင်ရာငွေကြေးပေးသွင်းမှုများ အတွက် MPU စနစ်အသုံးပြုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ညှိနှိုင်းအစည်းအဝေး သို့ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးရန်နိုင်ထွန်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ ဘဏ်လုပ်ငန်းအဖွဲ့အစည်းများ တက်ရောက်ခဲ့ ပါသည်။ အဆိုပါ MPU စနစ်ဖြင့်ပေးသွင်းမှု အား ၂၀၁၇ မေလဆန်းတွင် စတင်အသုံးပြုနိုင်ရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိပြီး နေပြည်တော်ရုံးချုပ် ရန်ကုန်ပို့သွင်းရုံး မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန် မြဝတီကုန်သွယ်ရေးဇုန် တို့တွင် စတင် အသုံးပြု နိုင်မည်ဖြစ်ပါသည်။ လက်ရှိတွင် MPU စနစ်တွင် ပါဝင်သည့် ဘဏ်(၂၃) ခု၏ မည်သည့် ATM card များမှမဆို (POS)စနစ် မှသော်လည်းကောင်း Myanmar Tradenet Wesite မှ eCommerce စနစ်ဖြင့်လည်းကောင်းပေးသွင်းနိုင်တော့မည်ဖြစ်ပါသည်။
၂၀၁၇ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ ၁၅:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Jaroslav Dolecek ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၂) ၌ လက်ခံတွေ့ဆုံ
၂၀၁၇ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်သည် the Bengal Chamber of Commerce & Industry-BCCI မှ Chairman ဖြစ်သူ Mr. Prakash Shah ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံ