နောက်ဆုံးရ သတင်း
၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်နေ့၊ ၁၃:၁၅ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် TOTAL Co., Ltd ၏ Vice President Specialties ဖြစ်သူ Mr. Stephane Lagrue ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ
၂၀၁၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့ ၁၄:၃၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်သည် Marubeni Corporation ၏ Managing Executive Officer ဖြစ်သူ Mr. Shoji Kuwayama ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ
ကုန်သွယ်မှုနှင့်ပတ်သက်သည့် ငွေကြေးပေးချေမှု လုပ်ငန်းများအား MPU စနစ်ဖြင့် ပြောင်းလဲ အသုံးပြုနိုင်ရေး အတွက် ပြုလုပ်သည့် လုပ်ငန်းအစီအစဉ် ရှင်းလင်းပွဲ အား ၂၀၁၇ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းမှ အဖွင့်အမှာစကား ပြောကြား၍ မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ဒုတိယ ဥက္ကဌ ဒေါက်တာမောင်မောင်လေးမှ လည်းကောင်း ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေမှ လည်းကောင်း၊ Information Matrix Co., Ltd.၊ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်စိုးမင်းမှ e-Commerce Online Payment စနစ်နှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ ကမ္ဘောဇဘဏ်ကုမ္ပဏီလီမိတက်မှ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ကျော်မိုးမှ e-Commerce Online Payment စနစ်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ထားရှိမှုအား လည်းကောင်း၊ Myanmar Payment Union ၏ CEO ဦးဇော်လင်းထွဋ် မှ MPU စနစ်နှင့်ပတ်သက်၍ လည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဝင်းမှ ကုန်သွယ်မှုနှင့် ပတ်သက်သည့် ငွေကြေးပေးချေမှုလုပ်ငန်း များအား MPU စနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိ သည့် စနစ်နှင့် ပတ်သက်၍ လည်းကောင်းအသီးသီး ရှင်းလင်းပြောကြား ခဲ့ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ၂၀၁၆ ခုနှစ်၊ ဇွန်လဆန်းမှ စတင်အသုံးပြု ဆောင်ရွက်လျှက်ရှိသော အွန်လိုင်း အပြည့်အဝ အသုံးပြု ပို့ကုန်သွင်းကုန်လိုင်စင်စနစ်တွင် ယခင်က ပို့ကုန် (၂၈ ) မျိုး၊ သွင်းကုန် (၁၅) မျိုး စုစုပေါင်း (၄၃)မျိုးသာ လျှောက်ထားနိုင်ခဲ့သော်လည်း ယခုအခါ သွင်းကုန် (၃၂၉) လိုင်း၊ ပို့ကုန် (၂၃) လိုင်း၊ စုစုပေါင်း HS လိုင်း (၃၅၂) လိုင်း ထပ်တိုးလျှောက်ထားနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukr Boon-Long ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ
၂၀၁၇ ခုနှစ်၊ မေလ ၂၂ ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ထိုင်းနိုင်ငံအခြေစိုက်၊ United Nations Industrial Development Organization (UNIDO) မှ Regional Director and Representative ဖြစ်သူ Mr. Stein Hansen ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ