နောက်ဆုံးရ သတင်း
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ ၁၄း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်သည် MJC မှ Director ဖြစ်သူ Mr. Shnichi Tanaka ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ ၁၅း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် Marubeni Corporation မှ Regional CEO နှင့် ASEAN ၏ Managing Executive Officer ဖြစ်သူ Mr. Shoji Kuwayama ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ ၁၄း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Mr. Mohammad Sufiur Rahman ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် Italian- Thai Development Public Co.Ltd မှ President ဖြစ်သူ Mr. Premchai Karnasuta ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနပိုင် ဆန်စက်အပိုပစ္စည်းစက်ရုံဝင်းရှိ ရာဘာကြိတ်လုံး စက်ရုံအပါအဝင် အဆောက်အဦ (၆) လုံး၊ စက်ယူနစ် (၂၂) မျိုးတို့အား တိုင်းရင်းသားလုပ်ငန်းရှင်များသို့ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တစ်နှစ်သက်တမ်းငှားရမ်းပေးသွားမည် ဖြစ်ပါသည်။
(က) အဆောက်အဦ(၆)လုံး၊ စက်ယူနစ်(၂၂)မျိုးပါရှိပြီး အသေးစိတ်စာရင်းကို တင်ဒါပုံစံတွင် ဖော်ပြထားပါသည်။
( ခ ) တင်ဒါပုံစံရောင်းချမည့်ရက် - (၂၈.၇.၂၀၁၇) ရက်မှ (၃၀.၈.၂၀၁၇)
အချိန် - နံနက် (၉ : ၃၀)နာရီမှ (၁၆ : ၃၀)နာရီထိ
( ဂ ) တင်ဒါစည်းကမ်းချက်များ - (၃၁.၈.၂၀၁၇)ရက် (၁၂ : ၀၀) နာရီ
ရှင်းလင်းခြင်း
(ဃ) တင်ဒါပိတ်မည့် နေ့/အချိန် - (၃၁.၈.၂၀၁၇) ရက် မွန်းလွဲ (၁၃ : ၀၀)နာရီ
( င ) တင်ဒါပုံစံရောင်းချမည့်နေရာ - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊
စီမံရေးရာဌာနခွဲ၊ အမှတ် (၂၂၈/၂၄၀)၊ ဒုတိယထပ်၊
ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့။
( စ ) Deposit ပေးသွင်းနိုင်မည့်ဘဏ်များ - တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။
(ဆ) စာရင်းပေးသွင်းရမည့်နေရာ - ရုံးအမှတ် (၅၂)၊ နေပြည်တော်
( ဇ ) တင်ဒါပေးသွင်းရမည့်နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်
၂။ အဆိုပါ ဆန်စက်အပိုပစ္စည်းစက်ရုံဝင်းရှိ ရာဘာကြိတ်လုံးစက်ရုံအပါအဝင် အဆောက်အဦ (၆) လုံး၊ စက်ယူနစ် (၂၂) မျိုးတို့၏ မျက်မြင်အခြေအနေတို့အား သက်ဆိုင်ရာမြို့နယ်သို့ သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့် နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း - ၀၁-၂၅၀၄၃၂၊ ၂၅၁၈၂၄ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါစိစစ်ရေးအဖွဲ့
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန