နောက်ဆုံးရ သတင်း
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့၊ ၁၂း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံး Economic and Commercial Counsellor ဖြစ်သူ Mr. Xie Guoxiang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ
စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးျဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုငိ သဲမြေကွက်(၁)ကွက်နှင့် သိုလှောင်ရုံ(၁)လုံးတိုးအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် (၃)နှစ်သက်တမ်း (၁) နှစ်စာချုပ်ဖြင့် ငှားရမ်းသွားမည်
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော “ဆန်တင်ပို့မှုအခြေအနေနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး” သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြား
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်းကျင်းပပြုလုပ်သည့် Thurs-day Talk ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးဆွေတင့်ကြူးမှ “စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခေတ္တညွှန်ကြားရေးမှူး၊ ဦးရဲထွဋ်နိုင်မှ “ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေအသစ်ဆိုင်ရာတင်ပြချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြရာ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမင်းမင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် တို့မှ ဖြည့်စွက် ဆွေးနွေးပြီး အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့၊ ၁၅း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် Construction Industry မှ Executive Director ဖြစ်သူ Mr. Filip Lauwerysen ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ