နောက်ဆုံးရ သတင်း

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅၂)၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သင်တန်းခန်းမတွင် ကျင်းပပြုလုပ် သော “ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေး (အမှုထမ်း) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) သင်တန်းဖွင့်ပွဲ” သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ ၁၁း၃၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပေါင်စန်း ဟန်ယိစက်မှု ကုန်သွယ်ေ ရးကုမ္ပဏီ (Yunnan Baoshan Hengyi Industry Group) မှ ဥက္ကဌ ဖြစ်သူ Mr. Duan Zhikui ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဧည့်ခန်းမ - ၁ ၌ လက်ခံတွေ့ဆုံ

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြု လုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါမှ “ဒူဘိုင်း Expo 2020” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး၊ ဦးမျိုးသူမှ “Ease of Doing Business” ခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးခဲ့ကြရာ စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ ကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီ၏ ဦးဆောင်မှုနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ e-Government Conference & ICT Exhibition 2017 တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ website များ၊ အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် Application များ၊ Hardware Devive များအား ထည့်သွင်းပြသခဲ့သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ၁ရး၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်သည် အိန္ဒိယနိုင်ငံ၊ Consumer Unity & Trust Society မှ Associate Director & Head ဖြစ်သူ Mr. Prithviraj Nath ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဧည့်ခန်းမ - ၂ ၌ လက်ခံတွေ့ဆုံ

Pages

Subscribe to နောက်ဆုံးရ သတင်း