နောက်ဆုံးရ သတင်း

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သော “မီးဘေးလုံ ခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံ လက်တွေ့သရုပ်ပြပွဲ” အခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ခင်သက်ထား တက်ရောက်

    သြစတြေးလျနိုင်ငံ ၊ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာန ၊ အစားအသောက်နှင့် သွင်းကုန်ဌာန သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံမှ တင်ပို့သည့် ကွမ်းသီးခြမ်း ကုန်ပစ္စည်း(SupariHalf-BetelNut)အပေါ်တားမြစ်ခဲ့ပါသည်။ ထိုသို့တားမြစ်ရသည့် အကြောင်းရင်း မှာ မြန်မာနိုင်ငံမှတင်သွင်းလာသော ၎င်းစားသောက်ကုန်အမျိုးအစားသည် သြစတြေးလျနိုင်ငံသို့ တင်သွင်းရန်တားမြစ်ထားသည့် အပင်နှင့်အပင်ထွက်ပစ္စည်းအမျိုးအစားတွင်ပါဝင်နေပြီး၊ စားသောက် ကုန်များတင်သွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းမရှိသောကြောင့်ဖြစ်ပါသည်။ ၎င်း ကွမ်းသီးခြမ်းကုန်စည်သည် သြစတြေးလျနိုင်ငံတွင် ၂၀၀၃ခုနှစ်ကပြဌာန်းခဲ့သော အက်ဥပဒေအောက်ရှိ Food Standards Code ပါ အပိုင်း 1.4 : Contaminants and residues ၏ section 1.4.4 ရှိ အပင်နှင့် အပင်ထွက် ပစ္စည်းများကို တားမြစ်ကန့်သတ်ထားသည့် Prohibited and restricted plants and fungi တွင်အကျုံးဝင်ပြီး ၎င်းsection၏အဓိပ္ပာယ်အရ သြစတြေးလျနိုင်ငံအတွင်းသို့ အပင်နှင့် အပင်ထွက်ပစ္စည်းများကိုတင်သွင်းခွင့်အား လုံးဝခွင့်မပြုထားကြောင်း တွေ့ရှိရပါသည်။
    သြစတြေးလျနိုင်ငံ ၊ စိုက်ပျိုးရေးနှင့်ရေအရင်းအမြစ်ဝန်ကြီးဌာန၏ အကြောင်းကြားချက်အရ အနာဂတ်တွင် ဤကွမ်းသီးခြမ်းကုန်စည်နှင့်အလားတူကုန်ပစ္စည်းများကို သြစတြေးလျနိုင်ငံဖက်သို့ တင်ပို့ခဲ့ပါကသြစတြေးလျနိုင်ငံ၏အစားအသောက်လိုအပ်ချက်များနှင့်လျော်ညီကြောင်းတင်ပြနိုင်ခြင်း မရှိခဲ့လျှင်ယခုကဲ့သို့ပင်တားမြစ်မည်ဖြစ်ပြီး၊ ကွမ်းသီးခြမ်းတင်သွင်းမှုကိုတားမြစ်လိုက်သည့်ကိစ္စရပ်အား online ပေါ်တွင် ဇန်နဝါရီလအတွင်း၌ ထုတ်ပြန်ထားပြီးဖြစ်ကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့သူများ သိရှိသတိပြုနိုင်ရေး ဖော်ပြလိုက်ရပါသည်။

ဒေါက်တာရွှေစင်ကို ၊ နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲ

 

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် သည် First Myanmar Investment Co.,Ltd မှ Executive Director ဖြစ်သူ ဦးလင်းမြိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ- ၂ ၌ လက်ခံတွေ့ဆုံ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနပိုင် သိုလှောင်ရုံ (၂) လုံးအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် (၃) နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ် စာချုပ်ဖြင့် လ ည်းကောင်း၊ မြေ (၁) ကွက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် (၅) နှစ် သက်တမ်း (၁) နှစ်တစ်ကြိမ်စာချုပ်ဖြင့်လည်းကောင်း ငှားရမ်းပေးသွားမည်ဖြစ်ပါသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဗန်ကောက်မြို့အခြေစိုက် ကျူးဘားနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mr. Hector Conde Almeida အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ- ၁ ၌ လက်ခံတွေ့ဆုံ

Pages

Subscribe to နောက်ဆုံးရ သတင်း