နောက်ဆုံးရ သတင်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရုံးသုံးစက်ကိရိယာများဖြစ်သည့် ICT ဆက်စပ် ပစ္စည်းများအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် အောက်ဖော်ပြပါ သတ်မှတ်စံချိန်စံညွှန်းနှင့်တင်ဒါ စည်းကမ်းချက်များအတိုင်း ဈေးနှုန်းစိစစ်ရွေးချယ်ဝယ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ ကုမ္ပဏီ/ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အောက်ဖော်ပြပါပစ္စည်းများကို တင်ဒါပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည် -

စဉ်

Lot No

အကြောင်းအရာ

အရေအတွက်

(က)

Lot - 1

(၁) Desktop Computer Set

- Processor       : Core i7 12 Gen

- Memory          : 8GB DDR -4

- Harddisk         : HDD 1TB (or) SSD 512 GB

- Graphic Card  : Intel Integrated Graphics

- Optical Drive  : DVD -RW

- Keyboard        : USB Keyboard

- Mouse             : USB Optical

- Monitor           : Monitor

9 Sets

 

 

(၂) UPS

- Rating             :    650 VA

9 Nos

 

 

(၃) 24 Ports Gigabite Management Switch

3 Nos

 

 

(၄) Patch Panel with 24 Prots Switch Cat 6

3 Nos

 

 

(၅) Cable Management

- Height         : 44. 45 mm (or) 1.75 inches

- Width          : 483.108mm(or)19.02 inches

3 Nos

၂။           တင်ဒါတင်သွင်းမည့်သူများသည် အောက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်-

              (က)    တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်

                         ဖြစ်ပါသည်။

              (ခ )    တင်ဒါယှဉ်ပြိုင်သူများသည် ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ဒါစပေါ်ငွေအား မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင်

                        (P.O Cheque) ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါ အောင်မြင်ခြင်းမရှိသော ကုမ္ပဏီ/အရောင်းဆိုင်များ၏ တင်ဒါ

                        စပေါ်ငွေအား (၇) ရက်အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။

              (ဂ )    ဝန်ကြီးဌာန၊ တင်ဒါကော်မတီမှ ရွေးချယ်သူထံမှသာ သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူမည်။

              (ဃ)   ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီမှ Lot အလိုက်တင်သွင်းမည့် ICT

                        ဆက်စပ်ပစ္စည်းများ၏ အမျိုးအစားအလိုက် အသေးစိတ်ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး တင်ဒါပွဲလာရောက်သူသည်

                        လုပ်ငန်းရှင်ကိုယ်တိုင်(သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေကိုယ်စားလှယ်လွှဲအပ်ခြင်း တရားဝင်စာ

                        ပူးတွဲတင်ပြနိုင်မည့် ကိုယ်စားလှယ်ဖြစ်ရမည်။

              ( င )   အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဘိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။

              ( စ )   ပေးသွင်းမည့်လုပ်ငန်းတွင် အသုံးပြုမည့်ကုန်ပစ္စည်း၏ Specification မှာ ဌာနမှ ရွေးချယ်သတ်မှတ်ထားသည့်

                        ကုန်ပစ္စည်းအမှတ်တံဆိပ် အရည်အသွေးအတိုင်း နှင့်ထုတ်လုပ်သည့်နိုင်ငံ (C/O) အတိုင်းဖြစ်ရမည်။ ပေးသွင်းရမည့်

                        ပစ္စည်းများအား ရုံးအမှတ်(၃)၊ နေပြည်တော်အရောက် ပို့ဆောင်ပေးရမည်။ ပစ္စည်းများ၏ Specification သည် ဌာနမှ

                        ရွေးချယ်သတ်မှတ်ထားသည့် Specification အတိုင်း ဖြစ်ရမည်။

              (ဆ)    ရွေးချယ်ခံရပါက လုပ်ငန်းရွေးချယ်ခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှ

                         ဖြတ်တောက်ခွန် (၂%) ဖြတ်တောက်၍ ပြည်တွင်းအခွန်များဦးစီးဌာနသို့  ပေးသွင်းရန်နှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%)

                         ပေးသွင်းရန် သဘောတူရမည်။

              (ဇ )     တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀၀ဝိ/-နှုန်း ဖြင့် ဝန်ကြီးရုံး၊

                         e-Government ဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။

              (ဈ )    တင်ဒါပုံစံများတင်သွင်းရာတွင် ICT ဆက်စပ်ပစ္စည်း(၅)မျိုး၏  သတ်မှတ်အရည် အသွေး ၊ စံချိန်စံညွှန်းနှင့် တန်ဖိုးတို့ကို

                         ပြည့်စုံစွာရေးသား ဖော်ပြရမည်။

၃။          သို့ဖြစ်ပါ၍ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် ICT ဆက်စပ်ပစ္စည်း (၅)မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် စိစစ်ဝယ်ယူသွားမည် ဖြစ်ပါ၍ တင်ဒါ လာရောက်ယှဉ်ပြိုင်ပေးသွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။

 

              တင်ဒါပုံစံရောင်းချသည့်နေ့   -    (  ၉-၄-၂၀၂၄  မှ  ၂၂ -၄ -၂၀၂၄ ရက်နေ့ထိ )

              တင်ဒါကော်မတီဖြင့်               

              ဈေးနှုန်းစိစစ်မည့်ရက်         -    (သီးခြားထပ်မံအကြောင်းကြားပါမည်)

              ကျင်းပမည့်နေရာ               -    တိုးချဲ့အစည်းအဝေးခန်းမ၊

                                                      -    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊

                                                           ရုံးအမှတ်(၃)၊ နေပြည်တော်

              ဆက်သွယ်ရန်ဖုန်း              -    ၀၆၇-၄၀၈၅၁၈

နေပြည်တော်၊ ဧပြီလ        နိုင်ငံတော်အနေဖြင့်  နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ တွင် ဆူးလေဆိပ်ခံတံတားအမှတ် ၆ (SPW-6) မှ MV. MANTA HATICE သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂၅,၀၀၀ အား ဖိလစ်ပိုင်နိုင်ငံသို့ လည်းကောင်း၊ TMT ဆိပ်ကမ်းမှ MV. TAY SON-4 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀ အား ထိုင်းနိုင်ငံသို့ လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-2) MV. SEIYO HARMONY သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂၇,၅၀၀ အား အိန္ဒိယနိုင်ငံ သို့လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL – 20 သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့သွားမည် ဖြစ်ပါသည်။

           ၎င်းအပြင် MITT-1 ဆိပ်ကမ်းမှ MV. MAERSU DAVAO သင်္ဘောသည် ၈-၄-၂၀၂၄ ရက်နေ့ တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ အဝတ်အထည်၊ သစ်‌တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေကုန်များကို ကုန်သေတ္တာ ၆၂၁ လုံးဖြင့် မလေးရှားနိုင်ငံသို့လည်း ကောင်း၊ AWPT ဆိပ်ကမ်းမှ MV. SITC CHENMING သင်္ဘောသည် ၈-၄-၂၀၂၄ ရက်နေ့တွင် ရေထွက် ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီးအဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ ပြောင်းနှင့် ရော်ဘာများကို ကုန်သေတ္တာ ၅၃၃ လုံးဖြင့် ဗီယက်နမ်နိုင်ငံသို့လည်းကောင်း တင်ဆောင်ပြီး ထွက်ခွာမည် ဖြစ်ပါသည်။

           အလားတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် MHM ဆိပ်ကမ်းမှ MV.MCL- 8 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL- 7 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ ဧပြီလ ၁၀ ရက်နေ့တွင် AIPT-3 ဆိပ်ကမ်းမှ MV. RAINBOW SYMPHONY သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၆,၆၀၀ အား ဖိလစ်ပိုင်နိုင်ငံသို့လည်းကောင်း ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ကလည်း SPW-3 ဆိပ်ကမ်းမှ MT. TURAN C သင်္ဘောဖြင့် ဆန် တန်ချိန် ၁၂,၀၀၀ အား စပိန်နှင့် ကင်မရွန်းနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၂၅၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ MG, MGZS အမျိုးအစား လျှပ်စစ်သုံးမော်တော် ယာဉ်များနှင့် Innogen Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့်    (၅-၄-၂၀၂၄) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

   ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ ဘူမိဗေဒနှင့် မြေမျက်နှာ သွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကဲဖြတ်မှု  Preliminary Geographical and Topographical  Survey (PGTS) &  Environmental Impact Assessment (EIA) များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့်အစီအစဉ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။

   ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအကောင်အထည်ဖော်ရေး အတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက် လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများက လိုအပ်သည်များ ဆန်းစစ်အကြံပြုရေးနှင့် ပတ်သက်၍လည်းကောင်း၊ အထူးစီးပွား ရေးဇုန် ဆက်လက်အကောင်အထည်ဖော်ရာတွင်   ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမ ဆန်းစစ်ချက်များအပေါ် အခြေခံ၍စီမံကိန်း ဒီဇိုင်းရေးဆွဲခြင်းအပါအဝင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးမှာကြားပါ သည်။

   ထို့နောက် ဆန်းစစ်ချက်များ ဆောင်ရွက်ခဲ့သည့် CCCC-FHDI Engineering Company နှင့် Myanmar Survey Research (MSR) ကုမဏီတို့က လုပ်ငန်းဆောင်ရွက်မှု အခြေနေများကို ရှင်းလင်း တင်ပြကြပြီး တက်ရောက်သူများက အပြန်အလှန် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

   အစည်းအဝေးသို့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ ဦးကျော်ရွှေ ထွန်းနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် CITIC ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးကို  မွန်းတည့် ၁၂ နာရီအချိန် တွင် ရုပ်သိမ်းခဲ့သည်။

Pages

Subscribe to နောက်ဆုံးရ သတင်း