နောက်ဆုံးရ သတင်း

၂၀၁၇  ခုနှစ်အတွင်း  ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြည်လည်ပေးသွင်းရန် ကျန်ရှိသည့် ကုမ္ပဏီ(၄၅၃) ခုအား စတင်ကြေညာသည့်ရက်မှ ရက်ပေါင်း(၆၀) အတွင်း ပို့ကုန်ရငွေအားလုံးကို  မိမိတို့ဘဏ်စာရင်းအသီးသီးတွင် ထည့်သွင်းကြရန်နှင့် ထည့်သွင်းရန် ပျက်ကွက်ပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြု ထုတ်ပေးထားသော  ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ပတ်သိမ်းခြင်းအပါအဝင် တည်ဆဲဉပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ၂၀၁၇  ခုနှစ်အတွင်း  ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြည်လည်ပေးသွင်းရန် ကျန်ရှိသည့် ကုမ္ပဏီ(၄၅၃) ခုအား  ပူးတွဲပါ PDF Fileတွင်ကြည့်ရှုနိုင်ပါသည်။

Attachment Files:

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်လျောက်တွင်ပါဝင်သည့် ကုန်သွယ်မှုဆက်စပ်ဌာနများနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းဆောင်ရွက်သည့် ကုန်သည်လုပ်ငန်းရှင်များကြားတွင် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကုမ္ပဏီ မှတ်ပုံတင်အမှတ် (TIN NO- Digit ၉ လုံး) အား (၅.၁.၂၀၂၀) ရက်နေ့မှ စတင်၍ အသုံးပြုခဲ့ကြပါသည်။

(၁၅.၁.၂၀၂၀) ရက်​နေ့အထိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အမှတ်အား ယခင်Digit (၅)လုံးမှTIN NO-Digit (၉) လုံးသို့ ပြောင်းလဲပြီးသည့် ကုမ္ပဏီများ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့၊(၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးသည် Mawlamyine Cement Limited (MCL) မှ Government and Public Affair Director ဖြစ်သူ Mr. Sorasak Keeratichokechalkul ဦး ဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံ

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့၊  (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ (၁၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြား

Pages

Subscribe to နောက်ဆုံးရ သတင်း