မုံရွာဆီထွက်သီးနှံဈေးကွက် အရောင်းအဝယ်အေး

Thu, 07/28/2016 - 04:00 -- admin_ygn

မုံရွာကုန်စည်ဒိုင် ဇူလိုင်လတတိယပတ် ဆီထွက်သီးနှံဈေးကွက်မှာ တရုတ်ဝယ်လက်ပါးလို့ မြေပဲဆန်ဈေး ဆက်လက်အေးခဲ့ရာ မြေပဲလုံး ဆန်(နီ) တစ်ပိသာ ကျပ် ၂၇၀၀၊ မြေပဲဆန်(ဖြူ) တစ်ပိသာ ၂၆၂၅ ကျပ်၊ ဆီဆန် တစ်ပိသာ ကျပ် ၂၀၀၀ ဖြစ်ခဲ့သော်လည်း ယခင်လကထက်  တစ်ပိသာ ကျပ် ၄၀၀ ခန့် လျော့ကျလာခဲ့ကာ  အရောင်း အဝယ်ပါ အေးသွားတယ်လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်။တရုတ်ဝယ်လက်  ပုံမှန်အဆွဲမရှိဘဲ ဒေသတွင်း  ဝယ်လိုအားသာများခဲ့လို့ ဒိုင်မှာ တစ်ရက် အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊  မုံရွာဝန်းကျင်ရှိ ဆားလှော်ဖိုတွေက ကုန်သည်နဲ့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူမှုတွေ ရှိနိုင် တယ်လို့ သိရပါတယ်။ယခု တစ်ပတ် နှမ်းဈေးကွက်မှာလည်း နှမ်းနက်တစ်မျိုးသာ ပြည်ပဝယ်လက်ရှိခဲ့ပြီး တစ်တင်းကျပ် ၄၈၀၀၀ အမြင့်ဆုံးပေါက်ဈေးဖြစ်ပေါ်ခဲ့ကာ တစ်ရက်  အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နှမ်းဖြူ ဈေးကွက်မှာ တစ်တင်းကျပ် ၂၇၀၀၀ မှ ကျပ် ၃၀၀၀၀ အထိ၊ နှမ်းညို(အသစ်) တစ်တင်းကျပ် ၂၅၀၀၀ အသီးသီး ပေါက်ဈေးဖြစ်ပေါ်ခဲ့ကာ တစ်ရက်အိတ် ၁၀၀ ခန့်စီသာ အရောင်းအဝယ်ဖြစ်တယ်လို့ ဒိုင်ရပ်ကွက်ကသိရပါတယ်။
 ထွန်းလှိုင်(မုံရွာ)