အင်ဒိုနီးရှားတွင် ကျင်းပခဲ့သည့် အဆင့်မြင့်အရာရှိကြီးများဖိုရမ်တွင် ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ ဖွံ့ဖြိုးဆဲနိုင်ငံများ တိုးတက်ရေးအတွက် စိန်ခေါ်မှု ၃ ရပ် ဖြစ်သည့် စီးပွားရေးတိုးတက်မှု၊ ယုံကြည်မှုနှင့် မျှော်လင့်ချက်တို့ပြန်လည်ရရှိရေး ခိုင်မာသောပူးပေါင်း ဆောင်ရွက်မှု များနှင့် အသွင်ကူးပြောင်းနိုင်သည့် စုပေါင်းလုပ်ဆောင်မှုများ အရေးတကြီးလိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပိုမိုကြီးမားသော ရင်းနှီးမြှုပ်နှံမှုများနှင့် ကြံ့ကြံ့ခံနိုင်သော ထောက်ပံ့ရေး ကွင်းဆက်များကို တောင်းဆိုခဲ့သည်။
ကမ္ဘာ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP)သည် ယခုနှစ်တွင် ၂.၅%ဖြင့် အနည်းငယ်သာတိုးတက် ခဲ့ပြီး ကိုဗစ်ကပ်ရောဂါ မတိုင်မီကာလထက် ၁ % နီးပါးလျော့ကျ တိုးတက်ခဲ့ပါသည်။ ကုလသမဂ္ဂ ကုန်သွယ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က တိုးတက်မှုနှေးကွေးခြင်းသည် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းစဉ်များ၏ ပြိုင်ဆိုင်မှုနှင့် ရှေးရိုးစွဲ စီးပွားရေးနည်းလမ်းများ၏ နှောင့်နှေးမှုကြောင့် ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။
ကမ္ဘာ့ကုန်သွယ်မှုအရွေ့များအား ပြောင်းလဲခြင်း
ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့ကုန်သွယ်မှုတွင် နိုင်ငံများအကြား ကွဲပြားမှုများ ပိုမိုများပြားလာပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးအရ အလေးသာမှု သည် ပိုမိုများပြားလာကြောင်း ထောက်ပြခဲ့သည်။ ဥပမာအားဖြင့်၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကုန်သွယ်မှု သည် ဖွံ့ဖြိုးပြီးနိုင်ငံများအကြား ကုန်သွယ်မှုထက် များပြားနေပြီး ကမ္ဘာ့စီးပွားရေးအင်အား အရွေ့၌ ပြောင်းလဲမှုများရှိနေကြောင်း အချက်ပြနေပါသည်။ အာဏာချုပ်ကိုင်မှုကို လျော့ချပြီး အားလုံးပါဝင် နိုင်သည့် နိုင်ငံစုံစနစ်သစ်တစ်ခု အရေးတကြီးလိုအပ်နေပြီး အာဖရိက-အာရှ ကုန်သွယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးသည် အရေးကြီးသော နမူနာတစ်ခုဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။
ထောက်ပံ့ပို့ဆောင်မှုကွင်းဆက်၏ အားနည်းချက်များကို ကျော်လွားခြင်း
စက်တင်ဘာ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဖိုရမ်၏ အဓိကဆွေးနွေးပွဲအပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်က ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ချိတ်ဆက်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ထောက်ပံ့ပို့ဆောင်မှုလမ်းကြောင်းများ အဆင့်မြှင့်တင်ရေး၊ ကိုဗစ် ၁၉ ကူးစက်ရောဂါ၊ ပထဝီဝင် နိုင်ငံရေးပဋိပက္ခများနှင့် ရာသီဥတုပြောင်းလဲ မှုကြောင့် ပနားမားတူးမြောင်း ရေခမ်းခြောက်ခြင်းစသည့် ကမ္ဘာ့အခက်အခဲများကြောင့် ဖြစ်ပေါ် လာသော ထောက်ပံ့ပို့ဆောင်မှုကွင်းဆက်၏ အားနည်းချက်များကို အလေးအနက်ထားရန် ပြောကြား ခဲ့သည်။
အဆိုပါ အခက်အခဲများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အထူးသဖြင့်ဖွံ့ဖြိုးဆဲကျွန်းနိုင်ငံများ၊ကုန်းတွင်းပိတ် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပိုမိုခက်ခဲစေပြီး သယ်ယူပို့ဆောင်ရေးစရိတ်သည် ပျမ်းမျှအားဖြင့် ၃၂ % ၃၅ % အထိ ပိုများလာကြောင်း ညွှန်ကြားရေးမှူးချုပ်က မီးမောင်းထိုးပြခဲ့သည်။ ဆွေးနွေးပွဲသို့ တက် ရောက်လာသော ခေါင်းဆောင်များအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော၊ အားလုံးပါဝင်ပြီး ကြံ့ကြံ့ ခံနိုင်သောထောက်ပံ့ရေးကွင်းဆက်များ တည်ဆောက်ရန်နှင့် ကမ္ဘာ့ကုန်သွယ်မှုတွင် မျှတစွာ ပါဝင်နိုင် စေရေး ယခုအချိန်သည် အရေးကြီးသောကာလဖြစ်နေပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ရင်းမြစ်၊ ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့