မံုံရွာဆီထွက်သီးနှံဈေးကွက်ကျဈေးနဲ့ အရောင်းအဝယ်သွက်လာ

Thu, 09/29/2016 - 04:43 -- admin_ygn

မုံရွာကုန်စည်ဒိုင်ရဲ့ စက်တင်ဘာ တတိယပတ် ဆီထွက်သီးနှံဈေးကွက် မှာ မြေပဲဆန်မျိုးစုံနဲ့ နှမ်းမျိုးစုံပါ ကျဈေး ဖြစ်ပေါ်ခဲ့ပေမယ့်   နယ်ဝယ်လက်နဲ့ ဒေသတွင်းဝယ်လိုအား     မြင့်လာလို့ အရောင်းအဝယ် အနည်းငယ်သွက်လာ တယ်လို့ ဈေးကွက်ကဆိုပါတယ်။ယခုတစ်ပတ်    မြေပဲဆန်ဈေး ကွက်မှာ  မြေပဲလုံးဆန်နီ(တစ်ပိဿာ)          ၂၀၇၅ ကျပ် အမြင့်ဆုံးပေါက်ခဲ့ပြီး ဆီဆန်အသန့်ကို   ရန်ကုန်ဝယ်လက် များက   အဝယ်လိုက်လာတဲ့အတွက်  အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ လုံးဆန်(ဖြူ) ကတော့ တစ်ပိဿာ ၂၀၂၅ ကျပ်အထိ  ကျဆင်းသွားပြီး ဒေသတွင်း ဆားလှော်သမားတွေ  ဝယ် လိုအားမြင့်လို့ တစ်ရက်ကို အိတ် ၃၀၀ မှ ၄၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ မြေပဲဆီဆန်အနေနဲ့ တစ် ပိဿာ ၁၇၅၀ ကျပ်၊ ၁၇၀၀ ကျပ်အထိ ကျဈေးဖြစ်ခဲ့ကာ ဒေသခံဆီစက်ဝယ် လိုအားအရ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ခန့်  အရောင်းအဝယ်သွက်လာ တယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။
နှမ်းဈေးကွက်မှာလည်း   ဆက် လက်ဈေးငြိမ်ခဲ့ရာ   နှမ်းဖြူတစ်တင်း ၂၉၀၀၀ ကျပ်၊ အမြင့်ဆုံးပေါက်ဈေးနဲ့ အလှော်သမားဝယ်လက်က  တစ်ရက် အိတ် ၁၀၀ ခန့်၊ နှမ်းဝါ  တစ်တင်းကို ၂၄၅၀၀ နဲ့ အမြင့်ဆုံးပေါက်ဈေးဖြစ်ခဲ့ ပြီး တစ်ရက်ကို အိတ် ၅၀ မှ ၁၀၀ ခန့်၊ နှမ်းနီ  တစ်တင်းကို  ၂၁၅၀၀ ကျပ်၊ နှမ်းညို  တစ်တင်းကို  ၂၃၅၀၀ ကျပ် အသီးသီး  အမြင့်ဈေးပေါက်ခဲ့ပြီး ဆီ သမားအဝယ်ကြောင့်   တစ်ရက်အိတ် ၂၀၀ ခန့်နဲ့ နှမ်းနက်တစ်တင်း အမြင့်ဆုံး ၄၃၀၀၀ ကျပ်ဈေးအထိ  ပေါက်ခဲ့တယ်။ တရုတ်ဝယ်လက်ရှိလို့ တစ်ရက်အိတ် ၂၀၀ ခန့် အရောင်းအဝယ်သွက်လာခဲ့ တယ်လို့ မုံရွာကုန်စည်ဒိုင်ရပ်ကွက်က လေ့လာသိရှိရပါတယ်။                     
ထွန်းလှိုင်-မုံရွာ

 

Border Trade News

Pages