မူဆယ်မှ တရုတ်တင်ပို့ ကြက်သွန်နီဈေး အနည်းငယ်ကျ

Thu, 08/01/2019 - 08:18 -- admin_ygn

ယခုရက်သတပတ်အတွင်းဇူလိုင် ၁၇ ရက်မှ ၂၃ ရက် အထိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်သို့တင်ပို့ လျက်ရှိသော ကြက်သွန်နီများ ဈေးအနည်းငယ်ကျဆင်း ခဲ့သည်။ ဇူလိုင် ၁ ရက်မှ ၁၆ ရက်ထိ ကြက်သွန်နီတစ်ပိဿာ ဈေးနှုန်းမှာ ကျပ် ၈၀ဝ ဝန်းကျင်ဈေး အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း ကြက်သွန်နီဈေးမှာတစ် ပိဿာ ကျပ် ၇၅၀ –၇၂၀ ဝန်းကျင်အထိ ကျဆင်းခဲ့သဖြင့် ယခင်ရက်သတ္တနှစ်ပတ်တွင် ဖြစ်ပေါ်ခဲ့သောဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင်ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၀ဝ ဝန်းကျင်ကျဆင်းခဲ့သည်။
ဇူလိုင် ၁၀ ရက်မှ ၁၆ ရက်ထိ ကြက်သွန်နီတင်ပို့တန်ချိန် ၉၃၉ ဒသမ ၅ တန်ဖြစ်ပြီး ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်ထိ ၉၉၄ တန်တင်ပို့ခဲ့သဖြင့်ဈေးကျသော်လည်း ကြက်သွန်နီတင်ပို့ တန်ချိန်မှာ ယခင်တစ် ပတ်တင်ပို့မှု နှင့်နှိုင်းယှဉ်လျှင် အနည်းငယ်များလာခဲ့သည်။
ဇူလိုင် ၁ ရက်မှ ၂၃ ရက်ထိ တရုတ်ငွေဈေးမှာ တစ်ယွမ် လျှင် ၂၁၅ ကျပ်ဈေးဖြစ်ပြီး ကြက်သွန်နီတစ်တန်လျှင် ဇူလိုင် ၁ ရက်မှ ၁၆ ရက်အထိ ကျပ် ၅၁၄၀ဝဝ-၅၁၆၈၀ဝ ဝန်းကျင် ရရှိခဲ့သဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၈၂၀-၈၃၀ ဝန်းကျင်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင်၁၇ရက်မှ၂၃ ရက်ထိ ကြက်သွန်နီတစ်တန်လျှင်ကျပ် ၄၇၆၆၀ဝ-၄၄၆၈၀ဝ ဝန်းကျင် ဖြစ်ပြီး တစ်ပိဿာ ကျပ် ၇၆၀-၇၂၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ကြက်သွန်နီ တစ်ပိဿာလျှင်ဇူလိုင် ၁ ရက်မှ ၁၆ ရက် အထိ တရုတ်ယွမ် ၃ ဒသမ ၈ ယွမ်ရရှိနေရာမှ ဇူလိုင် ၁၇ ရက် မှ ၂၃ ရက်အတွင်း တရုတ်ယွမ် ၃ ဒသမ ၃ ယွမ်သို့ ကျဆင်းသွားကြောင်း ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်စာရင်းအရ သိရ
သည်။ စိုးသန္တာထွန်း(မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန)

Border Trade News

Pages