တရုတ်ဘီယာနဲ့ စားသောက်ကုန်များကို သိမ်းဆည်း

Mon, 12/15/2014 - 14:00 -- admin_ygn

   မန္တလေး-မူဆယ်လမ်းကြောင်းတစ်လျှောက်ရှိ Mobile Team လရ-၁ အဖွဲ့ သည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာတဲ့ UD ယာဉ်အမှတ် (4B/ xxxx) ယာဉ်အား စစ်ဆေးရာယာဉ်ပေါ်တွင် (610 ML x 12) ပါ DALI BEER ၁၉၄ ဖာ အကောက်ခွန်မဲ့စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံထုတ် စားသောက်ကုန်များဖြစ်တဲ့ ပင်လယ်စာ၊ဂျယ်လီကျောက်ကျော၊ ပဲမှုန့်အိတ်၊ ကြာညို့၊ ငရုတ်သီးကြော်၊ ကဏန်းမှုန့်၊ ဆီတို့ဟူးများကို Light Truck, Canter, Mitsubishi, ISUZU အမျိုးအစားယာဉ်ခြောက်စီးပေါ်မှ စစ်ဆေးတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ သိမ်းဆည်းရမိ တရုတ်နိုင်ငံထုတ် ဘီယာနဲ့ စားသောက်ကုန်များရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်  ၄၉ ဒသမ ၄၇ သိန်းဖိုးခန့်ဖြစ်ပါတယ်။ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ တရုတ်စားသောက်ကုန်များကို နောင်ချိုမြို့နယ် အကောက်ခွန်ဦးစီးဌာနတွင် အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

DCCA

 

Border Trade News

Pages