စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 09/13/2023 - 10:40 -- mocadmin

   စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့မှ (၁၂)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန် အမေရိကန် ဒေါ်လာ (၀.၀၆၉၃) သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ (၀.၀၉၉၇) သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၆၉) သန်း ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

   တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၁၃၃) တန်၊  ဇီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၉၉)တန်၊ ဂျင်းအစို (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၀) နှုန်းဖြင့် (၅၁)တန်၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၃၀၀) နှုန်းဖြင့် (၁၇) တန်၊ နနွင်းတက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၀၀) နှုန်းဖြင့် (၃) တန်၊ ငါးမြစ်ချင်း (၂-၃) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၈၀) နှုန်းဖြင့် (၆) တန်၊ ငါးမြစ်ချင်း(၃-၅) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀) နှုန်းဖြင့် (၂.၄) တန် နှင့် ဇီးယိုထုပ် (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၂၅၀) နှုန်းဖြင့် (၈) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်းတို့ကို တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းတွင် ပလတ်စတစ်ရေလှောင်ကန် (Plastic Water Tank) (၇၁.၂) တန် တင်သွင်းနိုင်ခဲ့ပါသည်။

   ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁) ဒေါ်လာလျှင် (၁၁၈) တာကာနှင့် (၁) တာကာလျှင် (၂၈.၅၀) ကျပ် ဖြစ်ကြောင်း သိရှိရသည်။

Border Trade News

Pages