စခန်းစုံမှ ကြက်သွန်နီတင်ပို့

Mon, 05/08/2017 - 08:42 -- admin_ygn

     ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ် ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၈၈ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၂၀၆၄ တန်ကို တရုတ်နိုင်ငံသို့ လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ  အမေရိကန်ဒေါ်လာ ၃၇၅၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀၀ နဲ့ မြဝတေီကုန်သွယ်ရေးဇုန်မှ  အမေရိကန်ဒေါ်လာ ၁၅၉၀၀တန်ဖိုးရှိ ကြက်သွန်နီ ၃၆ တန်ကို ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီး တင်ပို့ခဲ့ကြပါတယ်။ မတ်လအတွင်း မူဆယ်မှ ကြက်သွန်နီတန်ချိန် ၅၀၀၀ ခန့် ၊တာချီ လိတ်မှ တန်၃၀၀ နဲ့ မြဝတီမှ တန် ၅၀ နီးပါးကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ခဲ့ ကြတယ်လို့သိရပါတယ်။                                                             

          မော်မော်အောင်

 

Border Trade News

Pages