မြေဆီလွှာ ပျက်စီးဆုံးရှုံးမှုနှင့်ပတ်သက်၍ တောင်သူ လယ်သမားများအနေဖြင့် မိမိမြေကို စစ်ဆေးလိုပါက မြန်မာ နိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အခမဲ့စမ်း သပ်စစ်ဆေးပေးမည်ဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်း လှိုင်က ပြောသည်။ သြဂုတ် ၁၂ ရက်က ကုန်သည်စက်မှုအသင်းချုပ်ရှိ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းရုံး၌ ပြုလုပ်သည့်အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ “တောင် သူတွေက မြေသြဇာပက်တယ်။ မြေဆီလွှာတွေ ဆုံးရှုံးပြီး ပျက်စီးနေတဲ့အနေအထားရှိတယ်။ ဒါတွေကို ဘယ် လိုပြုပြင်မလဲ။ မြေဆီလွှာက အရေးကြီးတယ်။ မြေဆီလွှာ ပြုပြင်ဖို့ ကိုယ့်ရဲ့မြေအနေအထားသိဖို့လိုတယ်။ ကိုယ့်ရဲ့ မြေ အနေအထားနဲ့ စိုက်မယ့်သီးနှံ ဘယ်လိုလိုက်လျောညီထွေဖြစ်ဖို့ လိုတယ်ဆိုတာ သိဖို့လိုတယ်။ ဒါကြောင့် တောင်သူတွေကို အကူအညီပေးပါတယ်”ဟု ၎င်းက ပြောသည်။
မိမိလယ်ယာမြေ အခြေအနေကိုသိရှိလိုသော တောင် သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းရုံး�

