ရန်ကုန်ကားဈေးကွက်တွင် ပြည်တွင်းဆင် ကားများကို ပိုမိုစိတ်ဝင်စားနေ

Fri, 05/24/2019 - 06:44 -- admin_ygn

            ရန်ကုန်မြို့ ကားဈေးကွက်၏ မေလဒုတိယပတ်ခန့် အခြေအနေမှာ ယခင်လကုန်ပိုင်းကဲ့သို့ပင် ပြည်တွင်း ဆင် ဆူဇူကီးပုံစံသစ်ကားအာတီဂါ၏ ဂယက်ကြောင့် အရောင်းအဝယ် အနည်း ငယ်ပြန်ဖြစ်လာသော်လည်း နယ်လိုင်စင်ကားများနှင့် အသစ် တင်သွင်းသည့် ကားများအဝယ်နည်းကြောင်း သိရသည်။ ဧပြီလကုန်ပိုင်း နောက်ဆုံးပတ် က ပုံစံသစ် ထုတ်ပြမိတ်ဆက်ခဲ့သော ဆူဇူကီးကုမ္ပဏီမှ အာတီဂါကားသစ် (၂၀၁၉ ပုံစံ) ၏ ဈေးတန်း အရနှင့် ရုပ် ထွက်အရ အားသာမှုရှိကြောင်း၊ လက်ရှိ ရန်ကုန်ကားဈေးကွက်အတွင်း အတိုင်း အတာတစ်ခုထိ လှုပ်ခတ်ခဲ့ပြီး ကား အလဲအထပ်များ လက်ရှိကားများ ရောင်း ထွက်ပြီး ဆူဇူကီးအာတီဂါကားများ အမှာစာသွင်း ဝယ်ယူ လာမှုကြောင့် စီးနင်း ပြီး ညာမောင်းဂျပန်ကားလေးများနှင့် ဈေးကွက်ထဲရှိ နယ်လိုင်စင် မော်ဒယ်လ် မြင့်ကားလေးများပါ ဈေးတန်းအမြင့် ဖြင့် အရောင်းအဝယ်ဖြစ်လာကြောင်း ယခင်ပတ်များမှစ၍ တွေ့ရှိလာရသည်။
            လတ်တလောမှာလည်း ယင်း ကားများသာ ဈေးကွက်ထိပ်ဆုံးရောက် ရှိနေပြီး ဆူဇူကီးချင်းတူလျှင်သော်မှ အခြားအမျိုးအစားဖြစ်သည့် ဆွစ်၊ စီယက် တို့အား မရွေးချယ်တော့ဘဲ ၂၀၁၉ အာတီ ဂါသာ ရွေးချယ်လာ ကြကြောင်း သိရသည်။ ယာဉ်ဟောင်းအပ်နှံစလစ် အသုံး ပြုသည့် ပြည်ပမှအသစ်သွင်း ဝက်ဂွန် နှင့် အခြားတန်ဖိုးမြင့်ကားများ လတ် တလောအသွင်းနည်းသွားသော်လည်း အပ်ကားပိုမိုရှားပါးလာပြီး စလစ်ဈေး တန်းနှစ် ၂၀ မှာ ၁၃၈ သိန်း၊ တိုက်ကြေ ကျပ် ၁၂၅ သိန်းဝန်းကျင်၊ ၂၀ နှစ် အပ်ကားကျပ် ၁၃၀ သိန်းကျော် ကျော် ဈေးကွက်ဖြစ်နေပြီး မဖြစ်မနေ တင် သွင်းလိုသူများသာ အဝယ်ရှိကြောင်း သိရသည်။

 

SN

Border Trade News

Pages