ဒီတစ်ပတ် မန်ကျည်းပိုမိုတင်ပို့

Thu, 08/24/2017 - 02:49 -- admin_ygn

     သြဂုတ်လ ၆ ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်း ၁၂၂တန် ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မလေးရှား နိုင်ငံသို့ မန်ကျည်းသီး(သစ်) ၇၂တန်နဲ့ စင်ကာပူနိုင်ငံသို့ မန်ကျည်း သီး(၂၀၁၆)တန်  ၅၀တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ မန်ကျည်း ၄၄ တန်နဲ့နှိုင်းယှဉ်ရင် ၇၈တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းသီး(သစ်)က တစ်တန်ကို ပျမ်းမျှအမေရိကန်ဒေါ်လာ ၉၅၀ ဝန်းကျင်ရရှိခဲ့ပြီး  မန်ကျည်းသီး (၂၀၁၆)က တစ်တန်ကို ပျမ်းမျှအမေရိကန်ဒေါ်လာ ၂၈၅ ရရှိခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၂၆၅၀ ဝင်ငွေရရှိခဲ့ တယ်လို့သိရပါတယ်။

 

သီတာဝင်း(DOT)

Border Trade News

Pages