မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 08/30/2023 - 15:31 -- mocadmin

မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၂၁.၆) တန်အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ် ခရိုင်သို့ တင်ပို့နိုင်ခဲ့သည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း သွင်းကုန် တင်သွင်းမှု ဒီဇယ်ဆီ တစ်တန်လျှင် (၈၄၁) ဒေါ်လာနှုန်းဖြင့် (၃၇၀၀) တန်၊ ပုဇွန်စာတစ်တန်လျှင် (၁၃၀၉) ဒေါ်လာနှုန်းဖြင့် (၁၈၀) တန် တင်သွင်းခဲ့သည်။

မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ(၃၂၁၀) ကျပ်နှင့် ဒီဇယ်တစ်လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။

ဒေသ ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၈) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

Border Trade News

Pages