မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 11/09/2023 - 04:38 -- bordertrade

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ ( ၆ ) ရက်နေ့မှ ( ၇ ) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၇၅၅) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၀၄) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၇၅၉)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ( ၆ ) ရက်နေ့မှ ( ၇ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာငါးမျိုးစုံ(၆၃)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၆)သန်း၊ ရွှံ့ဂဏန်း (အရှင်)(၃.၉၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၅၂)သန်း၊ ဂျင်းခရု (အရှင်) (၁၀.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၄)သန်း၊ ဂဏန်း(အသေ) (၄.၁၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၄၉)သန်း၊ ရေခူဆားနယ်  (၁၄.၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၈)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၂၄) တန်၊တန်ဖိုးကန်ဒေါ်လာ(၀.၀၀၄၉)သန်း၊ ငှက်ပျောသီး (၄၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၅) သန်း၊ ငရုတ်သီးစိမ်း (၈.၇)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆၇)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိက တင်သွင်းခဲ့သောကုန်ပစ္စည်းများမှာ သစ်သီး(၁.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၀၄)သန်းဖြစ် ပါသည်။

        မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်ပို့လျက်ရှိသည့်ပို့ကုန်ပစ္စည်းများ၏(၁) တန်ဈေး နှုန်းမှာငါးမျိုးစုံ (၁၃၆၅.၀၈) ဒေါ်လာနှုန်း၊ (၆၃) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၈၆)သန်း၊ ရွှံ့ဂဏန်း (အရှင်)(၃၈၄၈.၁)ဒေါ်လာနှုန်း၊(၃.၉၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၅၂)သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၉.၈) ဒေါ်လာနှုန်း၊ (၁၀.၂) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၅၄) သန်း၊ ဂဏန်း (အသေ) (၁၁၈၀.၇၂) ဒေါ်လာနှုန်း၊ (၄.၁၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၄၉) သန်း၊ ရေခူဆားနယ် (၁၉၁၇.၈၁)ဒေါ်လာနှုန်း၊(၁၄.၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၈) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၄၁၆.၆၇) ဒေါ်လာနှုန်း၊ (၀.၂၄) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၄၉) သန်း၊ ငှက်ပျောသီး (၃၀၀) ဒေါ်လာနှုန်း၊ (၄၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၅)သန်း၊ ငရုတ်သီးစိမ်း (၇၇၀.၁၁) ဒေါ်လာနှုန်း၊(၈.၇) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၆၇)သန်း ဖြစ်သည်။

        မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ - သစ်သီး (၂၇၅) ဒေါ်လာနှုန်း၊ (၁.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၄) သန်းဖြစ်ပါသည်။

        မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ(၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်းသိရှိရသည်။ လက်ရှိတွင်မြိတ်-တနင်္သာရီ - မောတောင်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့်ဘဏ် စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၆-၁၁-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲ နှုန်းမှာမြန်မာငွေကျပ် (၁) သိန်းလျှင်ဘတ် (၁၀၉၀) ၊(၁)ဘတ်လျှင် မြန်မာငွေကျပ် (၉၁.၇၄) ကျပ် ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ် တက်ခဲ့ပါကြောင်းသုံး သပ်တင်ပြအပ်ပါသည်။

Border Trade News

Pages