မောတောင်ကုန်သွယ်ရေးစခန်းမှ ကဏန်းအရှင်တင်ပို့မှုအခြေအနေ

Tue, 06/20/2023 - 07:09 -- DotBorderdep

တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကဏန်းများအား မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်း နိုင်ငံဘက်သို့ ပုံမှန်တင်ပို့လျက်ရှိသည်။ ပုံမှန်အားဖြင့် ကဏန်းဖမ်းဆီးမှုအား (၁)ပတ်ဖမ်း၊ (၁)ပတ်နားစနစ် ဖြင့် ဖမ်းယူကြပြီး ဖမ်းဆီးရမိသည့် ကဏန်းများအား နေ့ချင်းတင်ပို့မှုများရှိသကဲ့သို့ ရက်ပိုင်းခေတ္တထိန်းသိမ်း ထားပြီးမှ တင်ပို့မှုများလည်းရှိသည်။

          ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ ဘက်သို့ ကဏန်းမဲအရှင် (Live Mud Crab) ကဏန်း (၁၇.၂၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၂) သန်း တင်ပို့နိုင်ခဲ့သည်။ လက်ရှိပေါက်ဈေးအနေဖြင့် ကဏန်းမဲအရှင် (၁)တန်လျှင် (၄၁၉၆.၁၅) ဒေါ်လာနှုန်း ရရှိ လျက်ရှိသည်။

          ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ အများဆုံး ပို့ကုန်ပစ္စည်းများအနေဖြင့် ကြက်သွန်နီ တစ်တန်လျှင် (၅၉၇) ဒေါ်လာနှုန်း၊ ငှက်ပျောသီး တစ်တန်လျှင် (၃၀၃) ဒေါ်လာနှုန်း၊ ငါးမျိုးစုံ တစ်တန်လျှင် (၁၁၆၁) ဒေါ်လာနှုန်း၊ ပုစွန် တစ်တန်လျှင် (၁၉၉၅၆) ဒေါ်လာနှုန်း၊ ကဏန်း တစ်တန်လျှင် (၁၈.၅၅) ဒေါ်လာနှုန်း၊ အခြားရေထွက် တစ်တန်လျှင် (၁၄၉၇) ဒေါ်လာနှုန်း၊ တံမြက်စည်း (၁ U) လျှင် (၀.၂၀) ဒေါ်လာနှုန်း၊ အများဆုံးသွင်းကုန်အ​နေဖြင့် ကြွေပြား (၁ M2) လျှင် (၃.၁၈) ဒေါ်လာနှုန်း၊ သစ်သီး တစ်တန် လျှင် (၃၀၆)ဒေါ်လာနှုန်း၊ ငါးသေတ္တာဘူးခွံ တစ်တန်လျှင် (၂၃၈ ) ဒေါ်လာနှုန်း၊ မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင် ကုန်ကျစ်(၇၀၀,၀၀၀)ကျပ်နှင့် ကုန်ပွ(၆၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

Border Trade News

Pages