မောင်တောကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 11/09/2023 - 04:43 -- bordertrade

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နိုဝင်ဘာလ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန်(၀.၀၃၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး အောက်တိုဘာလ (၁-၁၁-၂၀၂၃မှ၀၇-၁၁-၂၀၂၃ထိ)အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၀.၁၅၀)ဒေါ်လာသန်း၊ သွင်းကုန် (-)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၁၅၀) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက် အပေါ် (၉.၈၀%)ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

            မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိက တင်ပို့လျက်ရှိပါ တယ်။နိုဝင်ဘာလ(၁-၁၁-၂၀၂၃မှ၀၇-၁၁-၂၀၂၃ထိ)တင်ပို့ခဲ့သော ကုန်ပစ္စည်းများဖြစ်သည့်လယ်ယာ ထွက်ကုန်ပစ္စည်းမှာ ကွမ်းသီး(၂၂)တန်၊တန်ဖိုး(၀.၀၃၅)ဒေါ်လာသန်း၊ဒညင်းသီး (၁၁) တန်၊တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ချင်း(အစို)(၂၃) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ သရက်သီး (၃) တန်၊ တန်ဖိုး(၀.၀၀၁) ဒေါ်လာသန်း၊ ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း(၅၆.၂၈)တန်၊ တန်ဖိုး (၀.၀၇၀) ဒေါ်လာသန်း၊ ငါးစုံလေးခြောက် (၂၃)တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ ငါးနီတူခြောက် (၃) တန်၊တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်း၊ ငါးခေါင်းပွ (၀.၄၈)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ စက်မှု ကုန်ချောပစ္စည်းများမှာ ဆီးယိုထုပ်(၁၁)တန်၊တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊ ထွန်းရွှေဝါလိမ်းဆေး (၈)တန်၊တန်ဖိုး(၀.၀၀၄)ဒေါ်လာသန်း၊ သနပ်ခါးခဲ(၉)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်းတင်ပို့ခဲ့ ပါတယ်။ သွင်းကုန်အပိုင်းတွင် နိုဝင်ဘာလ (၁-၁၁-၂၀၂၃ မှ ၀၇-၁၁-၂၀၂၃)ထိ တင်သွင်းနိုင်ခဲ့ ခြင်းမရှိခဲ့ပါ။

            မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်း များမှာ ဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ ချင်း(အစို)(၁)တန်လျှင်(၂၀၀)ဒေါ်လာ၊ ငါးမြစ်ချင်း (၁)တန်လျှင် (၁၂၆၆)ဒေါ်လာ၊ ငါးနီတူခြောက် (၁)တန်လျှင် (၃၁၅၀)ဒေါ်လာ၊ ငါးစုံလေးခြောက် (၁)တန်လျှင် (၆၃၀)ဒေါ်လာ၊ဆီးယိုထုတ်(၁)တန်လျှင်  (၃၃၀)ဒေါ်လာ၊ ကွမ်းသီး (၁)တန်လျှင် (၁၀၀၀) ဒေါ်လာ၊ ထွန်းရွှေဝါလိမ်းဆေး(၁)တန်လျှင်(၅၀၀)ဒေါ်လာ၊ သနပ်ခါးခဲ(၁)တန်လျှင်(၅၀၀)ဒေါ်လာ၊ သရက်သီး(၁)တန်လျှင်(၄၂၀)ဒေါ်လာ၊ ငါးခေါင်းပွ(၁)တန်လျှင်(၁၃၀၆)ဒေါ်လာဈေးနှုန်းရှိပါတယ်။

            မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများ ဝင်ရောက်သည့် ကုန်သွယ်မှုလမ်း ကြောင်းအနေဖြင့် စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့်စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်းတို့ဖြစ်ပြီး ယခုအခါစစ်တွေ-အငူမော်- မောင်တော လမ်းကြောင်းမှ ကုန်ပစ္စည်းများအဓိကဝင်ရောက်လျက်ရှိပြီး ကညင်ချောင်းစီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့ တင်ပို့လျက်ရှိပါသည်။

        စစ်တွေမှမောင်တောသို့ အတက်ကုန်ကားခတစ်ပိဿာကုန်ကျစရိတ်အနေဖြင့်ကုန်ကျစ် တစ်ပိဿာကျပ်(၇၀)ကျပ်၊ ကုန်ပွတစ်ပိဿာကျပ်(၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရပါတယ်။

   မောင်တောမြို့တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွေး(၁)အိတ် (၁၁၈၀၀၀) ကျပ်၊ ဧည့်မထ (၁) အိတ် (၇၅၀၀၀) ကျပ်၊ ကြက်သွန်နီ (၁) ပိဿာ (၄၅၀၀) ကျပ်၊ ကြက်သွန်ဖြူ (၁) ပိဿာ (၁၅၀၀၀) ကျပ်၊ ငရုတ်သီးခြောက် (၁) ပိဿာ (၁၈၀၀၀) ကျပ်၊ ကြက်ဥ (၃) လုံး (၉၀၀) ကျပ်၊ စားအုန်းဆီ (၁) ပိဿာ (၁၀၅၀၀) ကျပ်၊ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေခံစားကုန် ဈေးနှုန်းများမှာဆန် (အဖြူ) (၁)ကီလို (၇၅.၀၀)တာကာ၊ကြက်သွန်နီ (၁) ကီလို (၇၅.၀၀)တာကာ၊အာလူး(၁)ကီလို(၄၅.၀၀) တာကာ၊ခရမ်းချဉ်သီး(၁) ကီလို (၁၅၀.၀၀) တာကာ ၊ ကြက်သား (၁) ကီလို (၂၉၀.၀၀) တာကာ၊ ကြက်ဥ (၁) ဒါဇင်(၁၅၅.၀၀)တာကာ ဈေးရှိကြောင်း သိရှိရပြီး (၇-၁၁-၂၀၂၃)ရက်နေ့(၁၁:၀၀)အချိန် ပြင်ပငွေလဲနှုန်းမှာ(၁) ဒေါ်လာလျှင်(၂၆၆၀)ကျပ်၊ (၁၂၂) တာကာ၊ ၁၀၀ ကျပ်လျှင်(၄) တာကာ၊ (၁) တာကာလျှင် (၂၆.၆၀)ကျပ်ဖြစ်ပေါ်လျက်ရှိပါ သည်။

Border Trade News

Pages