တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်နှင့် သွင်းကုန်ကုန်သွယ်နိုင်မှုအခြေအနေ

Fri, 07/28/2023 - 09:42 -- DotBorderdep

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၅-၇-၂၀၂၃ မှ ၂၁-၇-၂၀၂၃) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်းတန်ချိန် (၈၈၆.၄၉၀) တန်၊ တန်ဖိုး (၀.၂၆၁)ဒေါ်လာသန်း၊ ကြက်သွန်ဖြူ တန်ချိန် (၁၃၄) တန်၊ တန်ဖိုး (၀.၂၂၅)ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်း တန်ချိန် (၁၇၆) တန်၊ တန်ဖိုး (၀.၀၂၀)ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ တန်ချိန် (၁၄) တန်၊ တန်ဖိုး (၀.၀၀၆)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ယခုလဆန်းပိုင်း၌ တစ်ဖက်နိုင်ငံဝယ်လက်သည် ပြောင်း ၁ ကီလိုလျှင် (၉.၉) ဘတ်မှ (၁၀)ဘတ်ခန့်သာ ဈေးပေးဝယ်ယူခြင်းကြောင့် ပြောင်းတင်ပို့မှုလျော့နည်းကြောင်း တွေ့ရှိရသည်။  တာချီလိတ်ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်ရှိ(၄)မိုင်ဂိတ်၊ တာကော်တံတားဂိတ်၊ ကျိုင်းတုံ(နောင်နွန်းဂိတ်)၊ မိုင်းဖြတ်ဂိတ်၊ ဝှေ့ရဲဂိတ်တို့မှ ပို့ကုန်ယာဉ်များအား ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်(QR) စစ်ဆေး၍ဆောင်ရွက်နေသည့်အတွက် ကုန်သွယ်မှုတွင်လွယ်ကူချောမွေ့လျက်ရှိပါသည်။ ငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၁၁၀) ဘတ်ဖြစ်ပေါ်ခဲ့သည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဘိလပ်မြေ (၀.၃၂၄) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်း (၀.၅၀၆) ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၇၁) ဒေါ်လာသန်း ၊သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၂၂) ဒေါ်လာသန်း ၊ပလပ်စတစ် ကုန်ကြမ်း (၀.၀၆၅) ဒေါ်လာသန်း ၊ သုတ်ဆေး/ပေါလစ်များ (၀.၀၀၃) ဒေါ်လာသန်း အပါအဝင် သွင်းကုန်တန်ဖိုး (၁.၁၃၁) ဒေါ်လာသန်း တင်သွင်းခဲ့သည်။

ဈေးနှုန်းအနေဖြင့် ဘိလပ်မြေတစ်တန်လျှင်(၁၆၈)ဒေါ်လာ၊ ဒီဇယ်ဆီတစ်တန်လျှင် (၈၄၄.၅၇၅)ဒေါ်လာ ၊ ဓါတ်ဆီတစ်တန်လျှင်(၉၆၀.၅၂) ဒေါ်လာဖြစ်သည်။

Border Trade News

Pages