တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Fri, 08/18/2023 - 09:36 -- DotBorderdep

         တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၁၅-၈-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ တန်ချိန် (၆၆) တန်၊ တန်ဖိုး (၀.၁၃၂)ဒေါ်လာသန်း၊ပြောင်းတန်ချိန် (၁၅၅.၅) တန်၊ တန်ဖိုး (၀.၀၄၇)ဒေါ်လာ သန်း၊ပလပ်စတစ်ဖြတ် စတန်ချိန်(၁၀)တန်၊တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်းတန်ချိန် (၂၄) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုရက်ပိုင်း တာချီလိတ်မြို့နယ်အတွင်း ပြည်သူများ အဓိကထားသုံးစွဲနေသည့် ထိုင်းနိုင်ငံသုံး ဘတ်ငွေနှင့် မြန်မာနိုင်ငံသုံးကျပ်ငွေတို့၏ တန်ဖိုးများ အပြောင်းအလဲဖြစ်ပေါ်နေရာ ငွေလဲနှုန်းအနေ ဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၀၀) ဘတ် မှ (၉၉၅) ဘတ်အတွင်း ဖြစ်ပေါ်ခဲ့ပါသည်။

        တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၊ ၁၅-၈-၂၀၂၃ ရက်နေ့တွင် သွင်းကုန် (၀.၁၅၆) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။ အဓိကတင်သွင်းသည့် သွင်းကုန်ပစ္စည်း များမှာ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်ပြီး  ဘိလပ်မြေ (၈၈၇) တန်၊တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၂) သန်း၊ ဓါတ်ဆီ (၂၉၉) BBL၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း၊ မျက်နှာကျက်ပြား (၄၃.၃၂၀)တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ မီးခံအုတ် (၅၅) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၂၀.၁၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅) ဒေါ်လာ သန်း၊တာယာ (၆၀) U၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊အခြားပစ္စည်း ကန်ဒေါ်လာ (၀.၀၂၈) သန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages