၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၄ ရက်နေ့ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေး ပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ ဒေါက်တာထိန်လင်းမှ “Trade Promotion Services” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဦးစီးအရာရှိ၊ ဒေါ်မြတ်စိုးမိုးမှ “Seafood Expo Global 2017”ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီး၊ ဦးအောင်ထူး တက်ရောက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။