၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးအောင်မင်းသိုက်မှ “The Outcomes of the 11th Ministerial Conference of the World Trade Organization and the Way Forward” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာစပယ်ကြည်မောင်မှ “မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ဆောင်ရွက်နေမှု” ခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးခဲ့ ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမင်းမင်းမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။