စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် Asia Group Advisors တို့ပူးပေါင်း၍ ကုန်သွယ်မှုနှင့် SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်စေရန်အတွက် "စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အီလက်ထရောနစ် ငွေပေးချေမှု ဟောပြောပွဲ" Master Your Card Workshop အလုပ်ရုံဆွေးနွေးပွဲအား ရန်ကုန်မြို့၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁) ရက် (အင်္ဂါနေ့) ၊ နေ့လည် (၁၂ း ၃၀) နာရီမှ (၁၆ း ၀၀) နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။