ဧရာဝတီတိုင်းဒေသကြီးမှာ ပြည်ပဈေးကွက်ဝယ်လိုအားရှိသော ပေါင်းဆန်စက်ရုံများ တည်ဆောက်လျက်ရှိ

Mon, 05/14/2012 - 07:42 -- Anonymous (not verified)

ပြည်ပသို့တင်ပို့သော ဧည့်မထဆန်ဖြူထက် တစ်တန်ကို ကန် ဒေါ်လာ ၁၀၀ ခန့် ပိုမိုရရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူကြိုက် များပြီး စားသုံးမှု ၇၀ ရာခိုင်နှုန်းရှိသော ပေါင်းဆန်ကို ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင် ရန်အတွက် ဈေးကွက် ဝယ်လိုအားရှိသောပေါင်းဆန်စက်ရုံများကို ဧရာဝတီတိုင်းဒေသကြီးအတွင်း တည်ဆောက် လျက်ရှိရာ ဘိုကလေးမြို့၊ အောင်ရတနာ သန်းဆန်စက်မှာ တစ်နေ့တန် ၇၀ ကျ ပေါင်းဆန်စက် တစ်လုံး၊ ဒေးဒရဲမြို့ အောင်တံခွန် ဆန်စက်တွင် တစ်နေ့တန် ၇၀ ကျ ပေါင်းဆန်စက်တစ်လုံး၊ အိမ်မဲမြို့ သိန်းတစ်ရာ ဆန်စက်မှာ တစ်နေ့တန် ၇၀ ကျ ပေါင်းဆန်စက်တစ်လုံး စမ်းသပ်ကြိတ် ခွဲလျက်ရှိပြီး၊ ပုသိမ်မြို့ ဝဲဒေါင့်ရပ်ကွက်တွင်လည်း ခေတ်မီပေါင်းဆန် စက်တစ်လုံးအား တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
မင်းမင်းဦး