၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန်တန်ချိန် ၈၄၄ တန် ၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၀၂ သန်းနဲ့ စက်မှုကုန်ချော တန်ချိန် ၁၉၄ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၈၄ သန်းတင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ အောက်တိုဘာလမှာတော့ လယ်ယာထွက်ကုန် ၄၆၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၃၃ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့ပြီး စက်မှုကုန်ချောတန်ချိန် ၅၄ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။
စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းဟာ အနီးစပ်ဆုံးကာလနဲ့နှိုင်းယှဉ်လျှင် နိုဝင်ဘာလတွင် လယ်ယာထွက်ကုန် ကန်ဒေါ်လာ သုည ဒသမ ၀၆၉ သန်းနဲ့ စက်မှုကုန်ချော ကန်ဒေါ်လာ သုည ဒသမ ၀၄၆ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။
အများဆုံးတင်ပို့နိုင်ခဲ့တဲ့ လယ်ယာထွက်ကုန်ပစ္စည်းများကတော့ မန်ကျည်း စေ့၊ ချင်းအစို၊ ဆီးသီးခြောက်၊ မန်ကျည်းဖတ်၊ ဇီယာစေ့ (အနက်) ၊ နနွင်းတက်၊ မန်ကျည်းသီး၊ ဆန် (ဧည့်မထ ၂၅ ရာခိုင်နှုန်း) နဲ့ ကြက်သွန်နီတို့ဖြစ်ပါတယ်။ အများဆုံးတင်ပို့ခဲ့တဲ့ စက်မှုကုန်ချောပစ္စည်းများမှာ ဆီးယိုထုပ်၊ High Class Whisky၊ စောင် ၊ ကလေးစီးဖိနပ်နဲ့ White Liquar တို့ဖြစ်ကြပါတယ်။
တင်တင်ထွန်း MIRT (DCCA)