ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်း (သတင်းအပြည့်အစုံ)

Wed, 07/31/2024 - 00:00 -- DotTrading

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂) သင်တန်း

(သတင်းအပြည့်အစုံ)

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် တွင်ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု ပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဦးစီးဌာနများရှိ ဝန်ထမ်းများအား ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန်အတွက် ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (‌၂၉) ရက် နံနက် (၀၉:၄၅) နာရီ အချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

၃။         အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ (၂၉) ရက်နေ့ မှ ဩဂုတ်လ (၃၀) ရက်နေ့ ထိ နေ့စဉ် (တနင်္လာနေ့ မှ သောကြာနေ့ထိ) နံနက် (၀၉:၄၅) နာရီ မှ (၁၂:၃၀) အချိန်ထိ ရက်သတ္တပတ် (၅) ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၄) ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။