လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 01/18/2024 - 06:55 -- mocadmin

   လွယ်ဂျယ်ကုန်သွယ်ရေးစခန်း အနေဖြင့် ၁၅-၁-၂၀၂၄ မှ ၁၆-၁-၂၀၂၄ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ ၄၅၁ တန်၊ ဆန် ၃၂.၅၀ တန်၊ ကြက်သွန်နီ ၈၁.၅ တန်၊ ထောပတ်ပဲ ၆၆.၀၀၀ တန်၊ ဖရုံသီး ၄၈.၅ တန်၊ ကြံ ၄၉၅.၀၀ တန်၊ မြေပဲ ၃၂.၅ တန်၊ သခွားမွှေး ၁၅.၀၀၀ တန်၊ တစ်သျှူးငှက်ပျော ၁၄၀၈.၀၀ တန်၊ ကော်ဖီမစ် ၉.၀၀ တန်၊ သီဟိုဠ်စေ့ ၃၁.၆၀ တန်နှင့် ဖရဲသီး ၂၃၅.၀၀ တန်တို့ တင်ပို့နိုင်ခဲ့သည်။

   ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၀ ၊ ဆန်ကွဲ တစ်တန်လျှင် ၄၅၀ ဒေါ်လာ၊ ပြောင်း တစ်တန်လျှင် ၃၁၀ ဒေါ်လာ၊ ဖရဲသီး  တစ်တန်လျှင် ၁၅၀ ဒေါ်လာ၊ တစ်သျှူးငှက်ပျော တစ်တန်လျှင် ၃၈၀ ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် ၆၅၀ ဒေါ်လာရှိကြောင်း သိရှိရသည်။

   ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် တစ်သျှူးစက္ကူလိပ်၊ ကုန်စုံပစ္စည်း၊ ချည်၊ ဆေး ပစ္စည်း၊ သံပိုက်/ သံချောင်း၊ ဂျပ်ဖာနှင့် အထည်တို့ တင်သွင်းနိုင်ခဲ့သည်။

   သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် စက္ကူလိပ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၀ ၊ ပီနံအိတ်တစ်တန်လျှင် ၈၀၀ ဒေါ်လာ၊ ပိတ်လိပ်တစ်တန်လျှင် ၅၇၀ ဒေါ်လာ၊ ဂျပ်ဖာတစ်တန်လျှင် ၃၉၀ ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် ၆၆၇ ဒေါ်လာဖြစ်ကြောင်း သိရှိရသည်။ 

   လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၁၆-၁-၂၀၂၄ ရက်နေ့တွင် ၁ ယွမ် လျှင် ၄၆၅ ကျပ်ဖြစ်ကြောင်း သိရှိရသည်။

DOT ( လွယ်ဂျယ်)

Border Trade News

Pages