မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့မှ ဇန်နဝါရီလ (၇) ရက်နေ့ အတွင်း ပို့ကုန်တင်ပို့မှု ငါးမှုန့်တစ်တန်လျှင် (၈၈၅) ဒေါ်လာနှုန်းဖြင့် (၁၆၀၀) တန် ၊ တန်ဖိုး (၁.၄၁၆) ဒေါ်လာသန်းအား အကောက်ခွန်သက်သာ ခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန် (၁) တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။
မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့မှ ဇန်နဝါရီလ (၇) ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ တစ်တန်လျှင် (၈၁၅) ဒေါ်လာနှုန်းဖြင့် (၇၁၀) တန် ၊ တန်ဖိုး (၀.၅၇၉) သန်း၊ ဓါတ်ဆီတစ်တန်လျှင် (၉၁၆) ဒေါ်လာနှုန်းဖြင့်(၂၀၀)တန် ၊ တန်ဖိုး (၀.၁၈၃)သန်း၊ စာရေးကိရိယာပစ္စည်း (၅၀၀) တန် ၊ တန်ဖိုး (၀.၂၈၁) ဒေါ်လာသန်း၊ ရင်းနှီးပစ္စည်း (၅.၀၈၆) တန်၊ ၂၅၂၀ U၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်း စုစုပေါင်း သွင်းကုန်တန်ဖိုး (၁.၀၇၉) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၈၅၀) ကျပ်နှင့် ဒီဇယ်တစ်လီတာ (၂၈၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၈) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိ ရပါသည်။