ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၈.၅၀၀) ဒေါ်လာ သန်းဖြစ်ပါသည်။ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၅.၁၆၉) ဒေါ်လာသန်း၊ သွင်းကုန်(၁.၂၀၂)ဒေါ်လာသန်း၊ စုစုပေါင်း (၆.၃၇၁) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှု လျာထားချက် အပေါ် (၃၄.၄၃၈%) ဆောင်ရွက်ပြီးဖြစ်ပါသည်။
ဒီဇင်ဘာလ (၁၀)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ ရော်ဘာ၊ ရှောက်ကောပါကောနှင့် ဧည့်မထဆန်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည် များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ပါသည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅) ဒေါ်လာတို့ဖြင့် တန်ချိန် (၁၃၀၅၀) တန်၊ တန်ဖိုး (၄.၅၀၁) ဒေါ်လာသန်း၊ ရော်ဘာစိမ်း တင်ပို့မှုအနေဖြင့် တန်ချိန် (၁၉၃) တန်၊ တန်ဖိုး (၀.၂၆၁) ဒေါ်လာသန်း၊ ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၄၄၅) တန်၊ တန်ဖိုး (၀.၀၆၃) ဒေါ်လာသန်း၊ ရှောက်ကောပါကော တင်ပို့မှုအနေဖြင့် တန်ချိန် (၂၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာ သန်းနှင့် ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၅၇၂) တန်၊ တန်ဖိုး(၀.၃၂၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။
အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၃၉) တန်၊ တန်ဖိုး (၀.၁၃၁) ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၃၁၁) တန်၊ တန်ဖိုး (၀.၈၇၂) ဒေါ်လာသန်း၊ လူသုံး ပစ္စည်း တန်ချိန် (၂၇၁) တန်၊ တန်ဖိုး (၀.၂၀၀) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။ ကံပိုင်တည် ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက် ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။
ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။