မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Fri, 12/08/2023 - 04:16 -- bordertrade

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ( ၄ ) ရက်နေ့မှ ( ၅ ) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၁၄၇) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၂၂၇) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၃၇၄)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ ( ၄ ) ရက်နေ့မှ ( ၅ ) ရက်နေ့ အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၅၇.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၉၉)သန်း၊ ဂျင်းခရု(အရှင်)(၇.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၂)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၂.၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉၃)သန်း၊ ပုစွန်ဖွဲ (၃.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၇)သန်း၊ ဂဏန်း (အသေ) (၅.၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၆၈)သန်း၊ ရေခူဆားနယ်  (၁၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၇)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၄၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၉၉)၊ ငှက်ပျောသီး (၅၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇)သန်း၊ ငရုတ်သီးစိမ်း (၁၆.၁) တန်၊တန်ဖိုးကန်ဒေါ်လာ(၀.၀၁၂၈)သန်း၊ ကြက်သွန်နီ(၆၈)တန်၊တန်ဖိုးကန်ဒေါ်လာ (၀.၀၄၈၁) သန်းတင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၅.၅)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၀၁၈)သန်း၊ ငါးအစာ (၆၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀၉)သန်း ဖြစ်ပါသည်။

        မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏(၁)တန်ဈေး နှုန်းမှာ - ငါးမျိုးစုံ (၁၂၀၇.၂၅) ဒေါ်လာနှုန်း၊ (၅၇.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၉၉)သန်း၊ ဂျင်းခရု (အရှင်) (၁၆၉၄.၄၄) ဒေါ်လာနှုန်း၊ (၇.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၂) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၇၉၅.၉၂) ဒေါ်လာနှုန်း၊ (၂.၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉၃) သန်း၊ ပုစွန်ဖွဲ(၄၈၅.၇၁)ဒေါ်လာနှုန်း၊(၃.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၇) သန်း၊ ဂဏန်း (အသေ) (၁၁၉၂.၉၈) ဒေါ်လာနှုန်း၊ (၅.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆၈) သန်း၊ ရေခူဆားနယ် (၁၉၂၈.၅၇) ဒေါ်လာနှုန်း၊ (၁၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၁၀၆၃.၈၃) ဒေါ်လာနှုန်း၊ (၀.၄၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉၉) သန်း၊ ငှက်ပျောသီး (၃၀၉.၀၉)ဒေါ်လာနှုန်း၊(၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇)သန်း၊ ငရုတ်သီးစိမ်း (၇၉၅.၀၃) ဒေါ်လာနှုန်း၊(၁၆.၁)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၈)သန်း၊  ကြက်သွန်နီ (၇၀၇.၃၅) ဒေါ်လာ နှုန်း၊ (၆၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၈၁)သန်း ဖြစ်သည်။

        မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏(၁)တန်ဈေးနှုန်းမှာ- သစ်သီး (၃၂၇.၂၇) ဒေါ်လာနှုန်း၊ (၅.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၈) သန်း၊ ငါးအစာ (၃၄၈.၃၃) ဒေါ်လာနှုန်း၊ (၆၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၀၉)သန်းဖြစ်ပါ သည်။ မြိတ်မှမောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့်ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

        မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ် စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၅-၁၂-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲ နှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၄၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၆.၁၅) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအတက်အကျ မရှိခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Border Trade News

Pages