မောင်တောကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Fri, 10/27/2023 - 09:55 -- bordertrade

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အောက်တိုဘာလလျာထားချက်မှာ ပို့ကုန်(၁.၅၀၀)ဒေါ်လာသန်း၊ သွင်းကုန်(၀.၀၃၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး အောက်တိုဘာလ (၁-၁၀-၂၀၂၃မှ၂၄-၁၀-၂၀၂၃ထိ)အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၂၄၂)ဒေါ်လာသန်း၊ သွင်းကုန် (-) ဒေါ်လာသန်း၊ကုန်သွယ်မှုပမာဏ (၀.၂၄၂) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၁၅.၈၁၇%)ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

            မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိက တင်ပို့လျက်ရှိပါ တယ်။ အောက်တိုဘာလ(၁-၁၀-၂၀၂၃မှ၂၄-၁၀-၂၀၂၃ထိ) တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာလယ်ယာ ထွက်ကုန်ပစ္စည်းမှာ ကွမ်းသီး(၁၇.၂)တန်၊ တန်ဖိုး(၀.၀၁၃)ဒေါ်လာသန်း၊ ဒညင်းသီး(၄၇)တန်၊ တန်ဖိုး (၀.၀၁၄)ဒေါ်လာသန်း၊ ထန်းလျက် (၁)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ နနွင်းတက် (၄) တန်၊ တန်ဖိုး(၀.၀၀၂)ဒေါ်လာသန်း၊ ချင်း(အစို) (၁၁၂.၅) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ ရေထွက် ပစ္စည်းမှာ ငါးမြစ်ချင်း (၇၃.၀၆)တန်၊ တန်ဖိုး (၀.၀၉၅)ဒေါ်လာသန်း၊ ငါးစုံလေးခြောက် (၄၀.၅) တန်၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်း၊ ငါးနီတူခြောက် (၂၁)တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ငါးခေါင်းပွ(၃၆.၁၄)တန်၊ တန်ဖိုး(၀.၀၃၇)ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်း များမှာဆီးယိုထုပ် (၃၇)တန်၊တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်း၊ ထွန်းရွှေဝါလိမ်းဆေး(၁)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာ သန်း၊ သနပ်ခါးခဲ(၉.၄)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်း၊ မုန့်ဖတ် ခြောက်(၁၂.၄)တန်၊တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်း၊အမျိုးသမီးဝတ်အင်္ကျီ(၁)တန်၊တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်း၊ လူကြီးစီးဖိနပ် (၅၀၀)စုံ၊တန်ဖိုး(၀.၀၀၀၃)ဒေါ်လာသန်းတင်ပို့ခဲ့ပါတယ်။ သွင်းကုန် အပိုင်းတွင် အောက်တိုဘာလ (၁-၁၀-၂၀၂၃ မှ ၂၄-၁၀-၂၀၂၃)ထိ တင်သွင်းနိုင် ခဲ့ခြင်းမရှိခဲ့ပါ။

        မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်း များမှာဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ ချင်း(အစို)(၁)တန်လျှင် (၂၀၀)ဒေါ်လာ၊ ငါးမြစ်ချင်း (၁)တန်လျှင်(၁၂၆၆)ဒေါ်လာ၊ငါးနီတူခြောက်(၁)တန် လျှင် (၃၁၅၀)ဒေါ်လာ၊ ငါးစုံလေးခြောက်(၁) တန်လျှင်(၆၃၀)ဒေါ်လာ၊ဆီးယိုထုတ်(၁)တန်လျှင် (၃၃၀)ဒေါ်လာ၊ ကွမ်းသီး (၁)တန်လျှင် (၁၀၀၀) ဒေါ်လာ၊ထွန်းရွှေဝါလိမ်းဆေး(၁)တန်လျှင်(၅၀၀)ဒေါ်လာ၊ သနပ်ခါးခဲ(၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ မုန့်ဖတ်ခြောက်(၁)တန်လျှင်(၁၁၀၀)ဒေါ်လာ၊ထန်းလျက် (၁)တန်လျှင် (၈၈၀)ဒေါ်လာ၊နနွင်းတက် (၁)တန်လျှင် (၅၆၂)  ဒေါ်လာ၊ လူကြီးစီးဖိနပ် (၁)စုံလျှင် (၂.၅၂)ဒေါ်လာ၊ ဈေးနှုန်းရှိပါတယ်။

မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်း ကြောင်းအနေဖြင့် စစ်တွေ- ဘူးသီးတောင် - မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တောလမ်းကြောင်းတို့ဖြစ်ပြီး ယခုအခါ စစ်တွေ-အငူမော်-မောင်တောလမ်းကြောင်းမှ ကုန်ပစ္စည်း များအဓိကဝင်ရောက်လျက်ရှိပြီး ကညင်ချောင်းစီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့ တင်ပို့လျက်ရှိပါသည်။

        စစ်တွေမှမောင်တောသို့ အတက်ကုန်ကားခတစ်ပိဿာကုန်ကျစရိတ်အနေဖြင့်ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်းသိရှိ ရပါတယ်။

မောင်တောမြို့တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး(၁) အိတ်(၁၁၆၀၀၀)ကျပ်၊ ဧည့်မထ(၁)အိတ် (၇၅၀၀၀) ကျပ်၊ ကြက်သွန်နီ (၁) ပိဿာ (၃၈၀၀) ကျပ်၊ ကြက်သွန်ဖြူ (၁) ပိဿာ (၈၅၀၀) ကျပ်၊ ငရုတ်သီးခြောက် (၁) ပိဿာ (၁၈၀၀၀) ကျပ်၊ ကြက်ဥ (၃) လုံး (၁၀၀၀) ကျပ်၊ စားအုန်းဆီ (၁) ပိဿာ (၁၀၅၀၀) ကျပ်၊ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေခံစားကုန် ဈေးနှုန်းများမှာဆန် (အဖြူ) (၁)ကီလို (၇၅.၀၀)တာကာ၊ကြက်သွန်နီ (၁) ကီလို (၇၅.၀၀)တာကာ၊ အာလူး(၁)ကီလို(၄၅.၀၀) တာကာ၊ခရမ်းချဉ်သီး (၁) ကီလို (၁၅၀.၀၀) တာကာ ၊ကြက်သား(၁)ကီလို (၂၉၀.၀၀)တာကာ ၊ကြက်ဥ (၁) ဒါဇင်(၁၅၅.၀၀)တာကာ ဈေးရှိကြောင်းသိရှိ ရပြီး(၂၅-၁၀-၂၀၂၃)ရက်နေ့ (၁၁:၀၀) အချိန် ပြင်ပ ငွေလဲနှုန်းမှာ (၁) ဒေါ်လာလျှင်(၂၈၂၀) ကျပ်၊ (၁၁၉) တာကာ၊ ၁၀၀ ကျပ်လျှင်(၄) တာကာ၊ (၁) တာကာလျှင် (၂၇.၅၀)ကျပ်ဖြစ်ပေါ်လျက်ရှိပါ သည်။

Border Trade News

Pages