မောင်တောကုန်သွယ်ရေးစခန်း၏၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁-၈-၂၀၂၃မှ၁၅-၈-၂၀၂၃ထိ) တင်ပို့/တင်သွင်းမှုအခြေအနေ

Fri, 08/18/2023 - 09:54 -- DotBorderdep

       ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဩဂုတ်လ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး ဩဂုတ်လ        (၁-၈-၂၀၂၃မှ၁၅-၈-၂၀၂၃ထိ)အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၇၆၂) ဒေါ်လာသန်း၊ သွင်းကုန် (-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၇၆၂) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက် အပေါ် (၄၉.၈၀%)ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါသည်။

            မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများ၊ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပါ တယ်။ ဩဂုတ်လ(၁-၈-၂၀၂၃ မှ ၁၅-၈-၂၀၂၃ထိ)တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ လယ်ယာထွက် ကုန် ပစ္စည်းမှာဂျင်း(အစို) (၄၂၁.၇၅) တန်၊ တန်ဖိုး (၀.၁၆၇) ဒေါ်လာသန်း၊ ဒညင်းသီး (၄၉) တန်၊ တန်ဖိုး (၀.၀၁၅)ဒေါ်လာသန်း၊ နနွင်းတက် (၅)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ကွမ်းသီး (၂)တန်၊ တန်ဖိုး(၀.၀၀၂)ဒေါ်လာသန်း၊ထန်းလျက်(၂)တန်၊တန်ဖိုး(၀.၀၀၂)ဒေါ်လာသန်း၊ ရေထွက် ပစ္စည်းမှာ ငါးမြစ်ချင်း (၃၇၇.၆၃၆)တန်၊ တန်ဖိုး (၀.၄၇၈)ဒေါ်လာသန်း၊ ငါးနီတူခြောက်(၃.၅) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ငါးကုန်းညိုခြောက် (၉.၅)တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာ သန်း၊ ငါးစုံလေးခြောက် (၆၇.၅)တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊ ငါးခေါင်းပွ (၈.၄၀၅)တန်၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်း၊စက်မှုကုန်ချောပစ္စည်းများမှာဇီးယိုထုပ်(၅.၅)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ဆန်ကြာဆံ(၁)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ထွန်းရွှေဝါလိမ်းဆေး (၃) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ သနပ်ခါးခဲ (၂)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ မုန့်ဖတ် ခြောက်(၀.၅)တန်၊တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်းတင်ပို့ခဲ့ပါတယ်။ သွင်းကုန်အပိုင်းတွင် ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၁၅-၈-၂၀၂၃)ထိ တင်သွင်းနိုင်ခြင်းမရှိခဲ့ပါ။

      မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်း များမှာဂျင်း(အစို)(၁)တန်လျှင်(၂၀၀)ဒေါ်လာ၊ဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ ငါးမြစ်ချင်း (၁)တန်လျှင် (၁၂၆၆)ဒေါ်လာ၊ ငါးခေါင်းပွ (၁)တန်လျှင် (၁၃၀၆) ဒေါ်လာ၊ ငါးကုန်းညိုခြောက် (၁)တန်လျှင် (၁၈၃၀)ဒေါ်လာ၊ ငါးစုံလေးခြောက်(၁)တန်လျှင် (၆၃၀)ဒေါ်လာ၊ ဇီးယိုထုတ် (၁)တန် လျှင်(၃၃၀)ဒေါ်လာ၊ငါးနီတူခြောက်(၁)တန်လျှင်(၃၁၅၀)ဒေါ်လာ၊နနွင်းတက် (၁)တန်လျှင် (၅၆၂) ဒေါ်လာ၊ ကွမ်းသီး (၁)တန် လျှင် (၁၀၀၀)ဒေါ်လာ၊ ထန်းလျက် (၁)တန်လျှင် (၈၈၀)ဒေါ်လာ၊ ဆန်ကြာဆံ(၁)တန်လျှင်(၁၀၀၀)ဒေါ်လာ၊ ထွန်းရွှေဝါလိမ်းဆေး(၁)တန်လျှင်(၅၀၀)ဒေါ်လာ၊သနပ် ခါးခဲ (၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ မုန့်ဖတ်ခြောက် (၁)တန်လျှင် (၁၁၀၀)ဒေါ်လာ ဈေးနှုန်းရှိပါ တယ်။  

            မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်း ကြောင်းအနေဖြင့် စစ်တွေ- ဘူးသီးတောင်- မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တောလမ်းကြောင်းတို့ဖြစ်ပြီး ယခုအခါ စစ်တွေ-အငူမော် - မောင်တော လမ်းကြောင်းမှ ကုန်ပစ္စည်းများ အဓိကဝင်ရောက်လျက်ရှိပြီး ကညင်ချောင်း စီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့ တင်ပို့လျက်ရှိပါသည်။

        စစ်တွေမှ မောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ်တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန် ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိ ကြောင်းသိရှိရပါတယ်။

မောင်တောမြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်းမွေး (၁) အိတ် (၁၁၅၀၀၀) ကျပ်၊ ဧည့်မထ (၁) အိတ် (၈၀၀၀၀) ကျပ်၊ ကြက်သွန်နီ (၁) ပိဿာ (၂၈၀၀) ကျပ်၊ ကြက်သွန်ဖြူ (၁) ပိဿာ (၈၅၀၀) ကျပ်၊ ငရုတ်သီးခြောက် (၁) ပိဿာ (၂၀၀၀၀) ကျပ်၊ ကြက်ဥ (၃) လုံး (၁၀၀၀) ကျပ်၊ စားအုန်းဆီ (၁) ပိဿာ (၉၀၀၀) ကျပ်။ တစ်ဖက်ဘင်္ဂလား ဒေ့ရှ်နိုင်ငံအခြေခံစားကုန် ဈေးနှုန်းများမှာဆန် (အဖြူ) (၁)ကီလို (၆၅.၀၀)တာကာ၊ကြက်သွန်နီ (၁) ကီလို (၆၉.၀၀)တာကာ၊အာလူး (၁) ကီလို (၄၄.၀၀) တာကာ၊ခရမ်းချဉ်သီး (၁) ကီလို (၁၂၀.၀၀)တာကာ ၊ကြက်သား (၁) ကီလို (၃၁၉.၀၀)တာကာ ၊ကြက်ဥ (၁) ဒါဇင် (၁၄၉.၀၀) တာကာ ဈေးရှိကြောင်းသိရှိရပြီး (၁၆-၀၈-၂၀၂၃) ရက်နေ့ (၁၁:၀၀) အချိန် ပြင်ပ ငွေလဲနှုန်းမှာ (၁) ဒေါ်လာလျှင်(၃၅၆၅) ကျပ်၊ (၁၁၆.၂၀) တာကာ၊ ၁၀၀ ကျပ်လျှင်(၄) တာကာ၊ (၁) တာကာ လျှင် (၃၁) ကျပ် ဖြစ်ပေါ်လျက်ရှိပါသည်။

Border Trade News

Pages