ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Fri, 08/18/2023 - 09:39 -- DotBorderdep

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ နှင့် ပြောင်းတို့ ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ ဩဂုတ်၁၄ ရက်နေ့မှ၁၅ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၅၂၁)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၆၁၁) သန်း၊ သွင်းကုန်တန်ချိန် (၃၇)၊တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၃) သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၂၄သန်းဖြစ်သည်။ အများဆုံးတင်ပို့နိုင် သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ဆီအုန်းတန်ချိန် (၁၀၀.၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၀၀၀)၊ (၁) တန်ဈေးနှုန်း (၉၀) အမေရိကန်ဒေါ်လာ၊ ငါးနီငယ် (၁၀၉.၉၉)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၅၄၈၉.၅၀)၊ (၁)တန်စျေးနှုန်း (၁၀၅၀)အမေရိကန်ဒေါ်လာ၊ တာဝမ်တန်ချိန်(၇၉.၉၀)၊တန်ဖိုး အမေရိကန်ဒေါ်လာ (၇၅၉၀၅.၀၀)၊ (၁)တန်စျေးနှုန်း (၉၅၀)အမေရိကန်ဒေါ်လာ၊ ဘေးဝါတန်ချိန် (၄၄.၇၇)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၂၅၃၁.၅၀)၊ (၁)တန် စျေးနှုန်း (၉၅၀)အမေရိကန်ဒေါ်လာ၊ ငါးဝိုင်းတန်ချိန် (၁၆.၁၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၂၂၀.၈၀)၊ (၁)တန်စျေးနှုန်း (၈၈၀) အမေရိကန်ဒေါ်လာ၊ ပလာတိုတန်ချိန် (၁၄.၀၈)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၈၅၈၅.၆၀)၊ (၁)တန် စျေးနှုန်း (၁၃၂၀)အမေရိကန်ဒေါ်လာ၊ ကြိမ်မွေ့တောင်းတန်ချိန် (၆.၄၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၄၃၂.၀၀)၊ (၁)တန်စျေးနှုန်း (၁၆၃၀) အမေရိကန်ဒေါ်လာ၊ငါးဗျောသီးတန်ချိန် (၉.၆၈)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆၆၄၉.၆၀)၊ (၁)တန်စျေးနှုန်း (၁၇၂၀)အမေရိကန်ဒေါ်လာ၊လူးစီ တန်ချိန် (၆.၆၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၉၂.၀၀)၊ (၁)တန်စျေးနှုန်း (၁၉၀၀) အမေရိကန်ဒေါ်လာ၊ ရေဘဝဲ တန်ချိန် (၉.၃၆) ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၉၆၆.၄၀) ၊ (၁) တန် ဈေးနှုန်း (၂၂၄၀) အမေရိကန်ဒေါ်လာတို့ဖြစ်သည်။

          အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ဓါတုဗေဒပစ္စည်းများတန်ချိန် (၃၅)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၈၀၀၀)၊(၁)တန်ဈေးနှုန်း(၂၂၈.၅၇)အမေရိကန်ဒေါ်လာ၊ ငှက်သိုက် တန်ချိန်(၁)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၀၀၀)၊ (၁)တန်စျေးနှုန်း (၄၀၀၀) အမေရိကန် ဒေါ်လာတို့ ဖြစ်ပြီးငါးသယ်လှေကုန်(၁)တန်ရေယာဉ်ခ (ကုန်ကျစ်)၂၁၀၀၀ိ/- ကျပ်ရှိကြောင်းသိရှိရပါသည်။

Border Trade News

Pages