ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့မှ ဇွန်လ(၉) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အနီးစပ်ဆုံးကာလထက် ပိုမိုဆောင်ရွက်

Tue, 06/20/2023 - 06:19 -- DotBorderdep

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုတစ်ပတ် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့မှ ဇွန်လ(၇)ရက်နေ့အတွင်းလုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်ဆောင်ရွက်မှုပို့ကုန်(၅.၁၄၆)ဒေါ်လာသန်းနှင့် သွင်းကုန် ဆောင်ရွက်မှု(၁၇.၈၃၆)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၂၂.၉၈၂)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် (၃၈၄)စီး၊ သွင်းကုန် (၁၃၅၃)စီးဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်သီတင်းပတ် ၂၀၂၃ ခုနှစ်၊ မေလ (၂၇) ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အတွင်း ပို့ကုန်ဆောင်ရွက်မှု (၄.၁၄၆) ဒေါ်လာသန်းနှင့် သွင်းကုန်ဆောင်ရွက်မှု(၁၆.၂၄၃)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၂၀.၃၈၉) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သည်။

          အဓိကပို့ကုန်ဖြစ်သည့် ထောပတ်ပဲ၊ စွန်တာနီပဲ၊ မြေထောက်ပဲ၊ ပဲယင်း၊ နိုင်လွန်ပဲ၊ ပဲနီကြား၊ နှမ်း(နက်/ဖြူ)၊ ငရုပ်ကောင်းဆီ၊ လက်ဖက်ခြောက်၊ ရာဘာကြမ်း၊ ရာဘာ၊ ကွမ်းသီး၊ CMPတို့ တင်ပို့မှုပိုမိုခဲ့သောကြောင့် ယခင်သီတင်းပတ်ထက် (၁.၀၀၀)ဒေါ်လာသန်းပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီး မြှုပ်နှံမှု ပစ္စည်းအုပ်စုလျော့နည်းခဲ့သော်လည်းလုပ်ငန်းသုံးကုန်ကြမ်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ ပိုမို ခဲ့သောကြောင့် ယခင်သီတင်းပတ်ထက် (၁.၅၉၃)ဒေါ်လာသန်းပိုမိုခဲ့၍ ကုန်သွယ်မှုပမာဏအနေဖြင့် (၂.၅၉၃) ဒေါ်လာသန်း ပိုမိုခဲ့ကြောင်း သိရသည်။

          ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှချင်းရွှေဟော်သို့ ယခုသီတင်းပတ်တွင် အတက်ကုန် ကားခ တစ်ပိဿာလျှင် (၉၈) ကျပ် ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၉၆) ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၆၃)ကျပ် ရှိကြောင်းသိရသည်။ လယ်ယာထွက်ကုန် ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ ဆန်(၄၅၇)ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာနှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း(၁၇၁၄)ဒေါ်လာနှုန်း၊ ရော်ဘာ(၁၁၄၂)ဒေါ်လာနှုန်း၊ ငရုတ်အစို(၇၁၄)ဒေါ်လာနှုန်း၊ ငရုတ် ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။

Border Trade News

Pages