မူဆယ်မှ သကြားပိုမိုတင်ပို့

Thu, 05/31/2018 - 09:41 -- admin_ygn

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ မေ ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၄၀ သန်း တန်ဖိုးရှိသကြား(ရိုးရိုး) တန်ချိန် ၁၃၆၀၀ ကျော်ကို တရုတ်နိုင်ငံသို့  တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က  တင်ပို့ခဲ့တဲ့ ၆၄၈၇ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ယခု တစ်ပတ် တန် ၇၀၀၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ အလားတူ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှလည်း အမေရိကန်ဒေါ်လာ ၅၀၃၇၅ တန်ဖိုးရှိ သကြား ၇၇ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

မူဆယ်ကုန်စည်ဒိုင်မှာ  သကြား တစ်တန်ရဲ့  မိမိဘက် ပေါက်ဈေးမှာ ယခင်တစ်ပတ်က ကျပ် ၇၉၉၀၂၀ ဈေး ရှိရာမှ မေ ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်တွင် ကျပ် ၈၇၅၅၅၀ သို့ ဈေးမြင့် တက်ခဲ့ပါတယ်။

မော်မော်အောင်

Border Trade News

Pages