(၂၀)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား ပုဂံမြို့၊ ပုဂံဟိုတယ်တွင် ကျင်းပပြုလုပ်ခြင်း

Mon, 01/15/2018 - 03:56 -- competition
အစည်းအဝေးသို့တက်ရောက်လာသော ကိုယ်စားလှယ်များနှင့် စုပေါင်းဓာတ်ပုံရိုက်ကူးခြင်း
အလှည့်ကျဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း
အစည်းအဝေးတက်ရောက်လာသော ကိုယ်စားလှယ်များ
အစည်းအဝေးတက်ရောက်လာသော မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်

(၂၀)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား ပုဂံမြို့၊ ပုဂံဟိုတယ်တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် ပုဂံဟိုတယ်၊ သစ္စာဝတီခန်းမ၌ ပြုလုပ်ခဲ့ပြီး အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့၏ အလှည့်ကျ ဥက္ကဌဖြစ်သူ မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဌာနမှူး Ms. Yap Lai Peng မှ မိတ်ဆက် အမှာစကားပြောကြားကာ အစည်းအဝေးကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ(၁၀)နိုင်ငံမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ခံများ၊ GIZ မှ တာဝန်ရှိသူများ၊ အာဆီယံ - သြစတြေးလျ - နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု ဒေသကော်မတီမှ ကျွမ်းကျင်သူများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။