ဒီတစ်ပတ် ဘိလပ်မြေအဝင်နည်း

Tue, 10/31/2017 - 10:28 -- admin_ygn

       အောက်တိုဘာ ၁၅  ရက်မှ  ၂၁ ရက်အထိ သီတင်းပတ်အတွင်း ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၈၀၇၅တန်ဖိုးရှိ ဘိလပ်မြေ ၃၁၂ ဒသမ ၆၀ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်က တင်သွင်း ခဲ့တဲ့ဘိလပ်မြေတန်ချိန် ၄၂၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန် ၁၀၀ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ်လို့သိရပါတယ်။ အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ သီတင်းပတ်အတွင်း နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်မှာ ၈၄၂၀တန်ကျော်ရှိပြီး ယခင်သီတင်းပတ်က ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၂၈၀ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် ၆၁၄၀ ကျော် အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။ ဒါကြောင့်  ဒီတစ်ပတ်မှာ ရေေ ကြာင်းလမ်းမှ အဝင်လျော့ နည်းခဲ့ပြီး နယ်စပ်လမ်းမှ အဝင်ပိုခဲ့ပါတယ်။

 

သီတာဝင်း (DOT)

Border Trade News

Pages