ပြည်ပဲတီစိမ်းသစ်အချို့ ဈေးကွက်သို့ အနည်းငယ်ဝင်ရောက်လာ

Tue, 10/31/2017 - 09:29 -- admin_ygn

        ပြည်ပဲမျိုးစုံဈေးကွက်အတွင်းသို့ ယခုတစ်ပတ်မှာ ဆောင်းပဲသစ်အနည်းငယ် ဝင်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ ပဲဟောင်းများကတော့ နေ့စဉ်ပုံမှန်အဝင်ရှိခဲ့ကြသလို မန္တလေးလိုင်းသမား ပုံမှန်ဝယ်ယူလျက်ရှိတာကြောင့် အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကာ ပဲဈေးမှာ တစ်တင်းကျပ် ၂၇၀၀၀ ဖြင့် ဈေးအနည်းငယ်လျော့သွားခဲ့ကြောင်းသိရပါ တယ်။ ယခင်နှစ်က ကာလတူက ပဲတီစိမ်းသီးနှံဈေးမှာ တစ်တင်းကျပ် ၂၄၅၀၀ သာရရှိသည့်အတွက် ယခုနှစ်ပဲတီစိမ်း သီးနှံဈေး ယခင်နှစ်ထက် ဈေးပိုရနေပြီး ဆောင်းပဲသစ်ပေါ်ချိန်မှာတော့ ပဲတီစိမ်းဈေး ယခင်နှစ်ထက် ဈေးပိုရလာမလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

 

ခင်ဆွေဝင်း

Border Trade News

Pages