ပြည်တွင်းသို့ ဆိုင်ကယ်များပိုမိုတင်သွင်း

Tue, 10/03/2017 - 08:48 -- admin_ygn

        တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင် ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၅၁သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၉၆၇၆ စီးကိုတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၇၉၉၂ စီးတင်သွင်းခဲ့တဲ့အတွက်ယခုတစ်ပတ်မှာ ၁၆၈၄စီး ပိုမို တင်သွင်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်၊ ကန်ပိုက် တီကုန်သွယ်ရေးစခန်းနဲ့ တမူးကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်များ လျော့နည်းတင်သွင်းခဲ့ပေမယ့် မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆိုင်ကယ်များပိုမို တင်သွင်းခဲ့တဲ့အတွက် ယခုလိုပိုမိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။
       တင်သွင်းမှုကိုကြည့်ပါက မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၈၂ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၈၆၁၁ စီး၊ မြဝတီကုန်သွယ်ရေး ဇုန်မှအမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈၆ သန်းတန်ဖိုးရှိဆိုင်ကယ် ၉၈၀ စီး၊ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၇၅ စီး၊ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၁၀ စီးကို တင်သွင်းခဲ့ တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ

Border Trade News

Pages