မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံဈေးကွက်တွင် မြေပဲဆန်ဈေးအနည်းငယ်ပြန်မြင့်

Tue, 07/18/2017 - 08:09 -- admin_ygn

     မုံရွာကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်တွင် ဆီထွက်သီးနှံဖြစ်သောမြေပဲဆန်ဈေးနှုန်းများ ကျဆင်းနေရာမှ ယခုတစ်ပတ်မှာ အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်းသိရပါတယ်။ ဈေးနှုန်းပြန်လည်မြင့်တက်လာ၍ အရောင်းအဝယ်လည်း သွက်လာ ကြောင်းသိရပါတယ်။ မုံရွာကုန်စည်ဒိုင်သို့ နေ့စဉ် မြေပဲဆန်အိတ် ၁၅၀၀ခန့် ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ်ေြ မပဲဆန် တစ်ပိဿာပေါက်ဈေးနှုန်းမှာ(လုံးဆန်ဖြူ)ကျပ်၂၄၀၀နဲ့ အိတ်၇၀၀၊ (လုံးဆန်နီ) ကျပ်၂၃၅၀နဲ့ အိတ်၄၀၀၊  (ဆီဆန်)ကျပ်၂၁၀၀နဲ့ အိတ် ၂၀၀ခန့် အသီးသီး အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရပါတယ်။ မြေပဲလုံးဆန်ဖြူကို ရန်ကုန်ဝယ်လက်က ဝယ်ယူ လျက် လုံးဆန်နီကို မန္တလေးဝယ်လက်က ဝယ်ယူပြီး ဆီဆန်ကို မုံရွာမြို့တွင်းဆီစက်သမားများနှင့် ဘုတလင်၊  ခင်မွန်ဆီစက် သမားများက ဝယ်ယူလျက်ရှိကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က မြေပဲဆန်ပေါက်ဈေးနှုန်းမှာ လုံးဆန်ဖြူတစ်ပိဿာ ကျပ်၂၃၀၀၊ လုံး ဆန်နီ တစ်ပိဿာ ကျပ် ၂၂၅၀၊ ဆီဆန်တစ်ပိဿာ ကျပ်၂၀၀၀ နှုန်းပေါက်ကာ ယခုတစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ဈေးအနည်းငယ်တက်လာကြောင်း သိရတယ်။                      

          ကြည်ကြည်နွယ်( မုံရွာ )

Border Trade News

Pages